BEC-TERO TV

ထိုင်းတွင် သုံးပြီးသား နှာခေါင်းစည်းများကို မီးပူတိုက်ပြီး ပြန်လည်ရောင်းချ

03 Mar 2020     3,094 Views


ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် နိုင်ငံတကာဈေးကွက်အတွင်းမှာ နှာခေါင်းစည်းများ ပစ္စည်းပြတ်လပ်နေမှုကို အခွင့်ကောင်းယူကာ မမှန်မကန်နည်းလမ်းများနဲ့ စီးပွားရှာချင်တဲ့ ထိုင်းနိုင်ငံက စက်ရုံတစ်ရုံကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဆာရာဘူရီစီရင်စုရှိ စက်ရုံတစ်ရုံကို သတင်းအရ ရဲများက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ အသုံးပြုပြီးသား နှာခေါင်းစည်းများကို အဝတ်လျှော်စက်််််နဲ့‌ လျှော်ဖွတ် မီးပူတိုက်ကာ အိပ်သွပ်ပြီး အသစ်ပုံစံနဲ့ ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့ခဲ့ရပါတယ်။

အလုပ်သမား ၆ ယောက်က နှာခေါင်းစည်းတွေကို ပြန်ရွေးပြီး အလုပ်လုပ်နေကြတာကိုတွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ နှာခေါင်းစည်းတစ်ခုအတွက် ထိုင်းဘတ်ငွေ ၁ ဘတ်ရရှိပြီး တစ်ရက်လျှင် နှာခေါင်းစည်း ၃၀၀ ကနေ ၄၀၀ လောက် ပြီးစီးကြောင်း ထွက်ဆိုခဲ့ပါတယ်။

အာဏာပိုင်တွေက စက်ရုံမှာတွေ့ရတဲ့ နှာခေါင်းစည်းတွေအားလုံးကို သိမ်းဆည်းပြီး အချို့ကို ကျန်မာရေးဝန်ကြီးဌါနသို့ ပေးပို့ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒီနှာခေါင်းစည်းတွေ ဘယ်နေရာကနေ ရောက်လာတယ်ဆိုတာကို စုံစမ်းနေကြဆဲဖြစ်ပါတယ်။ စက်ရုံကို တရားစွဲဆိုနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


03 Mar 2020     3,094 Views




RELATED

Most Popular of International News

Most Popular of NEWS