BEC-TERO TV

တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် လူနာများပြားလာပြီး ဆေးရုံများမဆံ့တော့

04 Mar 2020     2,163 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် အကြီးအကျယ်ဒုက္ခရောက်နေသော အာရှနိုင်ငံများထဲမှာ တောင်ကိုရီးယား ပါဝင်လာပြီလို့ ဆိုရမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသော လူနာများ ပို၍ပို၍ များလာသဖြင့် ဆေးရုံတွင် လူများများ မဆံ့တော့သည့်အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်သည်။

Today Online သတင်းအရ မတ်လ ၄ ရက် (ယနေ့) တစ်ရက်ထဲမှာပင် ၁၅၆ ယောက်ကျော်ကို ကူးစက်ခံလူနာစာရင်းမှာ ထပ်တိုးမှတ်တမ်းတင်ထားရကြောင်း သိရသည်။

လူနာများ တစ်ရက်ထက်တစ်ရက် တိုးလာသဖြင့် ဒယ်ဂူမြို့မှာရှိတဲ့ ဆေးရုံတွေမှာ နေရာအခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ လူနာကုတင်မဆံ့တော့တဲ့အတွက် ဆေးရုံတက်ဖို့ တန်းစီစောင့်နေတဲ့ လူနာပေါင်း ၂,၃၀၀ ကျော်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင် က ဗိုင်းရပ်စ်ဖြစ်ပေါ်နေမှုကို စစ်ပွဲဖြစ်နေသည့် အခြေအနေဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နှာခေါင်းစည်းများ ပြတ်လပ်နေမှုအတွက်လည်း တောင်းပန်လိုက်ပါတယ်။ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ထိခိုက်နစ်နာနေရတဲ့ အသေးစားလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဟု မတ်လ ၃ ရက်နေ့က ကတိပြုခဲ့ပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုပေါင်း ၅,၃၂၈ ဦး ရှိနေပြီး ၃၂ ဦး သေဆုံးကာ လူပေါင်း ၂,၃၀၀ ဝန်းကျင် ဆေးရုံတက်ရန် တန်းစီစောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

 


04 Mar 2020     2,163 Views




RELATED

Most Popular of International News

Most Popular of NEWS