BEC-TERO TV

အာရှ ဖလား ခြေစစ်ပွဲ အတွက် စခန်းသွင်း လေ့ကျင့်မှု တွေကို ပြုလုပ် နေတဲ့ မြန်မာယူ (၁၉) အသင်း

20 Sep 2015     1,348 Views


လာမည့် စက်တင်ဘာလ(၂၈)ရက်နေ့မှာ စတင်ကျင်းပမည့် အာရှ ယူ-၁၉ချန်ပီးယံရှစ် ခြေစစ်ပွဲအတွက်ပြင်ဆင်မှုအနေနဲ့ မြန်မာ လက်ရွေးစင် ယူ-၁၉အသင်းကို စက်တင်ဘာလ(၁၄)ရက်နေ့နေ့လည်ပိုင်းမှစတင်ပြီး ကစားသမား၂၃ဦးနဲ့ Goal ဟိုတယ်မှာ စတင် စခန်းသွင်း လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ မြန်မာယူ-၁၉ အသင်းအနေနဲ့ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ပြီးဆုံးတဲနောက် နှစ်ရက်သာ အနားယူကာ လေ့ကျင့်မှုတွေကို ဆက်လက် ပြုလုပ်ခဲ့ပြီး ကစားသမား သစ်တွေကိုလည်း ခေါ်ယူစမ်းသပ်ခဲ့တယ်လို့သိရပါတယ်။

ခြေစမ်းပွဲ အချို့ ကစားခဲ့ပြီးနောက်ပိုင်းမှာတော့ ကစားသမား ၂၃ဦးကိုရွေးချယ်ကာ စခန်းသွင်းခဲ့ခြင်းလည်းဖြစ်ပါတယ်။ မြန်မာ ယူ-၁၉အသင်းနေနဲ့အခုလိုမျိုး ကစားသမား၂၃ဦးနဲ့ အာရှခြေစစ်ပွဲ အတွက်ပြင်ဆင်သွားမှာ ဖြစ်ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မူတည်ကာ နောက်ဆုံး အချိန်ထိ လူစာရင်းအပြောင်အလဲ ရှိနိုင်တယ်လို့ သိရပါတယ်။


20 Sep 2015     1,348 Views




RELATED

Most Popular of Football

Most Popular of Sport