BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ရှိနေသူများကို ထောက်လှမ်းရန် တရုတ်ရဲများ အထူးဦးထုတ်များဝတ်ဆင်

06 Mar 2020     1,893 Views


တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ပြန့်ပွားနေသဖြင့် လူတစ်ဦးချင်းစီကို အပူချိန်တိုင်းကရိယာများဖြင့် ထောက်လှမ်းဖို့ရန် မလွယ်တော့သည့်အခြေအနေတွင် နည်းပညာအကူအညီဖြင့် အပူချိန်ကို ထောက်လှမ်းနိုင်မည့် အထူးပြုလုပ်ထားသော ဦးထုတ်ကို တီထွင်လိုက်ပါတယ်။

အဆိုပါဦးထုတ်ကို တရုတ်ရဲများအား ဆောင်းထားစေကာ အများပြည်သူသွားလာရာ နေရာတွေမှာ ဖြတ်သန်းသွားလာသူများကို ရပ်တန့်စစ်ဆေးခြင်း ပြုလုပ်စရာမလိုပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို အလွယ်တစ်ကူ ထောက်လှမ်းနိုင်ပြီဖြစ်သည်။

စီချွမ်းမြို့မှ ရဲများက အထူးပြုလုပ်ထားသော ဦးထုတ်များကို ဝတ်ဆင်ကာ ဦးထုတ်၏ ကင်မရာမှတစ်ဆင့် လူတွေရဲ့ ကိုယ်အပူချိန်ကို သိရှိနိုင်ပြီဖြစ်သည်။ အနီအောက်ရောင်ခြည် ကင်မရာမှတစ်ဆင့် ကိုယ်အပူချိန် ၃၇.၃ ဒီဂရီ စဲလ်စီရတ်စ်ကျော်နေသူများကို ၅ မီတာအကွာအဝေးမှပင် ထောက်လှမ်းသိရှိနိုင်ပြီဖြစ်သည်။ ကင်မရာက ကိုယ်ပူချိန်မြင့်တက်နေသူများကို ထောက်လှမ်းမိပါက အလင်းရောင်နဲ့ အချက်ပေးသံပါ ထွက်ပေါ်လာမည်ဖြစ်သည်။

ထို့ပြင် ကင်မရာမှတစ်ဆင့် လူ၏ရုပ်ရည်သွင်ပြင်ကို ထောက်လှမ်းကာ မည်သူမည်ဝါဖြစ်သည် ဆိုတာကိုပါ ဦးထုတ်နဲ့ တွဲလျက် တပ်ဆင်ထားသော မျက်မှန်ပေါ်တွင် ဖော်ပြပေးနိုင်မည်ဖြစ်သည်။ ဦးထုတ်တွင် ကြိုးမဲ့ Bluetooth စနစ်၊ Wi-Fi နဲ့ 5G ကွန်ယက်ချိပ်ဆက်မှုများ ပါဝင်ကြောင်း သိရသည်။

အဆိုပါဦးထုတ်ဝတ်ဆင်ထားသော ရဲသားနှစ်ယောက်ထဲနဲ့ပင် လမ်းမများပေါ်တွင် သွားလာနေကြသော လူအယောက် ၁၀၀ ကို ၂ မိနစ်အတွင်း စစ်ဆေးနိုင်ကြောင်း SinChew Daily သတင်းတွင် ဖော်ပြထားသည်။


06 Mar 2020     1,893 Views




RELATED

Most Popular of International News

Most Popular of NEWS