ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းတွင် ယခုနှစ် သင်္ကြန်ပွဲ မပြုလုပ်တော့
10 Mar 2020 2,389 Views

မကြာမီကျရောက်တော့မည့် ရိုးရာသင်္ကြန်ပွဲတော်(ဆုန်ခရမ်) ကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ထိုင်းနိုင်ငံအဝှမ်းမှာ ပြုလုပ်တော့မည်မဟုတ်ကြောင့် ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေး (Bangkok Metropolitan Administration) BMA က မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် ပုဂ္ဂလိကအခန်းကဏ္ဍတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ် ပြန်ပွားနိုင်မှုကို ထိန်းချုပ်သည့်အနေဖြင့် သင်္ကြန်ပွဲတော်များ မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ ကုမ္ပဏီများအနေနဲ့ မဖြစ်မနေ အခမ်းအနားများ ပြုလုပ်ရမည်ဆိုပါက တက်ရောက်လာကြမည့်လူတွေကို ဘေးအန္တရာယ်ကင်းရှင်းအောင် လုံခြုံရေးကို အမြင့်ဆုံးပေးထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင် ကိုရိုနားဗိုင်းရပ်စ် ကျယ်ပြန့်စွာ ပြန့်နှံ့နေမှုကြောင့် လူစုလူဝေးများဖြင့် ပြုလုပ်သော ပွဲအခမ်းအနားများကို ကျင်းပခွင့် ပိတ်ပင်ထားပါတယ်။

လက်တလောမှာလည်း နာမည်ကျော် ဖငန်းကျွန်း ပေါ်က လပြည့်ညပါတီပွဲကို ဖျက်သိမ်းထားရပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိကကုမ္ပဏီများကို လူစုလူဝေးအခမ်းအနားများ မပြုလုပ်ရန် မေတ္တာရပ်ခံ ညွှန်ကြားထားကြောင်း The Nation သတင်းတွင် ဖော်ပြပါရှိသည်။






