BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ သိထားတာထက် နှစ်ဆကျော် အကွာအဝေးခရီးသွားနိုင်

10 Mar 2020     1,980 Views


တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနားဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံအတော်များများကို ပြန့်ပွားနိုင်ခြင်းမှာ မထူးဆန်းတော့ကြောင့် တရုတ်သုတေသီတွေရဲ့ လက်တလောစမ်းသပ်တွေ့ရှိချက်အရ သိရပါတယ်။ ဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေတစ်ဦးကို ဘယ်လိုကူးစက်နိုင်တယ်ဆိုတာကို ပညာရှင်တွေက ပြသလိုက်တဲ့အတွက် လူအများသွားလာနေကြတဲ့နေရာတွေကို သွားလာမယ်ဆိုရင် အထူးသတိပြုသင့်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO ကလည်း အများသူငါ သွားလာကြတဲ့နေရာတွေမှာ လူတစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၁ မီတာ အကွာအဝေးကနေ သွားလာသင့်ကြောင်း အကြံပြုထားပါတယ်။ လက်တလောမှာ ကိုရိုနာဗိုင်းရပ်ကို လေ့လာနေကြတဲ့ တရုတ်အစိုးရ သုတေသီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခန့်မှန်းထားတဲ့ အကွာအဝေးရဲ့ နှစ်ဆဖြစ်တဲ့ ၄.၅ မီတာထိ ပိုရောက်နိုင်ပြီး လေထုထဲမှာ မိနစ် ၃၀ ကြာလွင့်မျော ရှင်သန်နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ လူတစ်ယောက်နဲ့ တစ်ယောက် ရှိသင့်တဲ့ အကွာအဝေးထက် ပိုပြီး ဝေးဝေးမှာ နေကြဖို့ တိုက်တွန်းထားပါတယ်။

ဗိုင်းရပ်စ်ပိုးဟာ လူရဲ့ခန္ဓာကိုယ်က ထွက်လာပြီး တစ်နေရာရာကို လွင့်စင်ကျသွားတဲ့ အရည်အစက်(နှာရည်၊ တံတွေး အစရှိသည်) ထဲမှာဆိုရင် တစ်ရက်ကြာ အသက်ရှင်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ မသန့်စင်တဲ့ မျက်နှာပြင်တွေကို တစ်ရက်အတွင်းမှာ ထိတွေ့ကိုင်တွယ်မိတာနဲ့ ရောဂါပိုးကူးစက်နိုင်ပါတယ်။ ပြင်ပရဲ့ အပူချိန်ပေါ်မူတည်ပြီး ဗိုင်းရပ်စ်ရှင်သန်နိုင်ချိန် အတိုအရှည်လည်း ကွာခြားပါတယ်။ ဥပမာအားဖြင့် အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် (၉၈ ဒီဂရီဖာရင်ဟိုက်) အနေအထားမှာ ဗိုင်းရပ်စ်ပိုးက မြက်ပင်၊ ပိတ်စ၊ သံထည်၊ ပလပ်စတစ်၊ စက္ကူအစရှိတဲ့ မျက်နှာပြင်ပေါ်မှာ ၂ ရက်ကနေ ၃ ရက်လောက်ထိ ရှင်သန်နေနိုင်ကြောင်း South China Morning Post တွင် ဖော်ပြပါရှိသည်။


10 Mar 2020     1,980 Views




RELATED

Most Popular of International News

Most Popular of NEWS