BEC-TERO TV

ဘီယာတစ်ပုလင်း အချိန်ဆွဲနေလို့ ပါးစပ်ထဲ အတင်းလောင်းထည့်ခံလိုက်ရတဲ့ အစ်ကိုကြီး

11 Mar 2020     1,905 Views


အသက်ကြီးလာပြီဆိုတာနဲ့ လူတွေက မခန့်လေးစားလုပ်ချင်ကြတယ် ဆိုတာကို ဒီအဖြစ်ပျက်လေးက သာဓကပြနေပါတယ်။ စင်ကာပူနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးဖြစ်ပါတယ်။

စင်ကာပူနိုင်ငံဆိုတာ ဝန်ဆောင်မှုတွေနဲ့ ပိုက်ဆံရှာတဲ့နိုင်ငံမို့ Customer service လို့ခေါ်တဲ့ စားသုံးသူတွေအပေါ် ဝန်ဆောင်မှု ပေးတဲ့နေရာမှာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲနေပါစေ မျက်နှာတစ်ချက်ပျက်လို့မရပါဘူး။

ရုပ်သံမှာတော့ စာသောက်ဆိုင်တန်း (Food court) တစ်ခုမှာ အသက်ကြီးပိုင်း လူကြီးတစ်ဦးက ဘီယာရောင်းအားမြှင့်တင်ရေး ကောငမလေးတွေဆီကနေ ဘီယာတစ်ပုလင်းမှာကာ စားပွဲပေါ်က ဖန်ခွက်ထဲငှဲ့ထားပြီး အေးဆေးစွာ သတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။

ဘီယာမယ်လေးတွေအတွက်တော့ ဘီယာများများရောင်းရဖို့က သူတို့ရဲ့ တားဂတ်ဖြစ်တာကြောင့် ဦးလေးကြီးရဲ့ ပုံစံနဲ့ဆိုရင် ဘီယာတစ်ပုလင်းကုန်ဖို့ အတော်ကြာဦးမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဦးလေးကြီး စားပွဲနားလာပြီး ဘီယာခွက်ကို ကောက်ယူကာ ဘာမပြောညာမပြောနဲ့ ပါးစပ်ကို ဟခိုင်းတားပြီး Non-stop လောင်းထည့်လိုက်ပါတယ်။ ပြီးနောက် ဘီယာခွက်ကို အပြည့်ပြန်ဖြည့်ပြီး စားပွဲပေါ်တင်ထားကာ ထွက်သွားတာကို တွေ့ရပါတယ်။ ဦးလေးကြီးမှာတော့ ဘုမသိဘမသိ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဘေးနားက ဝိုင်းတွေကို အရှက်ပြေကြည့်လိုက်တာ တွေ့ရပါတယ်။

ဒီတစ်ခါတော့ ကောင်မလေးအနားထပ်ရောက်လာရင် ဘီယာခွက်ကို မြန်မြန်ကိုင်ထားမှ ဖြစ်မယ်လို့ ကြိုတွေးထားမိလောက်ပါပြီ။

လူတွေများ အသက်ကြီးလာပြီဆိုရင် မခိုးမခန့်နဲ့..။


11 Mar 2020     1,905 Views




RELATED

Most Popular of Special or Others

Most Popular of NEWS