BEC-TERO TV

လူနာ ၉ ဦး အတွက် သွေးလှူဒါန်းပြီးမှ ကိုရိုနာဗိုင်းရပ်စ်ရှိနေမှန်း သိလိုက်ရ

11 Mar 2020     1,872 Views


သွေးလှူဒါန်းတယ်ဆိုတာ ကျန်မာရေးအတွေက်ရော ကုသိုလ်ရေးအတွက်ပါ အလွန်မွန်မြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လှူဒါန်းလိုက်တဲ့သွေးက ရောဂါပိုးကင်းရှင်းနေဖို့ အရေးကြီးပါတယ်။

ယခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြန့်ပွားနေချိန်မှာ သွေးလှူတာ၊ သွေးသွင်းတာတွေကို ပိုပြီးဂရုစိုက်ကြပ်မတ်ဖို့လိုပါတယ်။ Sin Chew Daily တွင် ဖော်ပြထားသောသတင်းအရ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ခံထားရတဲ့ လူနာ ၆ ဦးဟာ မကြာသေးခင်ကမှ သွေးလှူဒါန်းထားတာကို သိရှိခဲ့ရပါတယ်။ သူတို့ရဲ့ သွေးတွေကို လိုအပ်တဲ့ လူနာ ၉ ဦးကို သွင်းယူပေးခဲ့ပါတယ်။

သူတို့ထဲက တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ပြန့်ပွားခဲ့တဲ့ ဒယ်ဂူးမြို့မှဖြစ်ပြီး ၂၀၂၀ ဖောဖော်ဝါရီ ၁၃ ရက်နေ့က သွေးလှူဒါန်းခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကျမှ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရမှန်း သိခဲ့ရပါတယ်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လေရှုပြွန်မှတစ်ဆင့် ကူးစက်တတ်ပြီး သွေးကနေ ကူးစက်တယ်လို့တော့ မကြားသိရသေးပါဘူး။ မည်သို့ပင်ဖြစ်စေကာမူ သွေးလှူမယ်၊ သွေးသွင်းမယ်ဆိုရင်တော့ ယခင်ကထက် ပိုပြီး ဂရုစိုက်ကြဖို့ လိုအပ်ပါသည်။


11 Mar 2020     1,872 Views




RELATED

Most Popular of Special or Others

Most Popular of NEWS