BEC-TERO TV

ထိုင်းက ဆိုက်ရောက်ဗီဇာ ရပ်ဆိုင်းသည့် နိုင်ငံများကြေညာ

11 Mar 2020     1,741 Views


ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်နေမှုကြောင့် ထိုင်းအစိုးရက ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားပြီးသော နိုင်ငံများအနက်မှ အချို့နိုင်ငံများအား ယာယီရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လည်းဖြစ် Covid-19 နဲ့ပက်သက်၍ စီမံခန့်ခွဲရေးဗဟိုဌါနချုပ်၏ အကြီးအကဲလည်းဖြစ်သူ ‘ဖရာရတ် ချန်အိုချာ’ က ဆိုက်ရောက်ဗီဇာ ခတ္တရပ်ဆိုင်းမည့် နိုင်ငံများအား အောက်ပါအတိုင်း ကြေညာလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသော နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ဘူတန်၊ တရုတ်၊ ဆိုက်ပရက်စ်၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကာဇစ္စတန်၊ မဲလ်တာ၊ မက္ကဆီကို၊ နာရူး၊ ပါပူဝါ နယူးဂင်နီ၊ ရိုမေနီးယား၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ အူဘာကစ္စတန်၊ ဗန်နာတူ နှင့် ထိုင်ဝမ် နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများမှ ခရီးသွားဧည့်သည်များအနေနဲ့ ထိုင်းနိုင်ငံသို့ လာရောက်မည်ဆိုပါက သက်ဆိုင်ရာနိုင်ငံများရှိ ထိုင်းသံရုံးတွင် ဗီဇာကြိုတင်လျှောက်ထားရမည်ဖြစ်သည်။

ဗိုင်းရပ်စ်အန္တရာယ်ရယ် အမြင့်ဆုံးဖြစ်နေသည့် အီတလီ၊ တောင်ကိုရီးယားနှင့် ဟောင်ကောင် တို့မှ ခရီးသွားများကို အခြေအနေပုံမှန် ပြန်ဖြစ်လာသည်ထိ ပြည်ဝင်ခွင့်ဗီဇာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရှိရသည်။


11 Mar 2020     1,741 Views




RELATED

Most Popular of International News

Most Popular of NEWS