BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ငတ်ပြတ်နေတဲ့ မျောက်အုပ်ကြီး လမ်းမတွေပေါ်ထွက်လာ

12 Mar 2020     2,171 Views


ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကြောင့် ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ အလာနည်းပါးသွားပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ လော့ပါဘရီ စီရင်စုက လမ်းမတွေပေါ်မှာ ဆာလောင်မွတ်သိပ်မှုကြောင့် ရာနဲ့ချီတဲ့ မျောက်အုပ်ကြီး ထွက်လာပြီး အချင်းခြင်း တိုက်ပွဲတွေ ဖြစ်နေကြတာကို မြင်တွေ့ကြရပါတယ်။

ရုပ်သံအရ ငှက်ပျောသီးတစ်လုံး ရထားတဲ့ မျောက်တစ်ကောင်ရဲ့နောက်ကို အခြားမျောက်တွေ ဝိုင်းလိုက်ပြီး အစာအတွက် သတ်ပုတ်နေကြတာကို တွေ့မြင်ရပါတယ်။ ဒေသခံတွေရဲ့အဆိုအရ ဒီမျောက်တွေဟာ မျောက်တွေရဲ့ ပြုမူနေထိုင်ပုံနဲ့ မတူတော့ပဲ ရန်လိုနေတဲ့ ခွေးတွေ အချင်းခြင်းကိုက်နေကြသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ယခင်ကဆိုလျှင် ကမ္ဘာလှည့်ခရီးသည်တွေ မပြတ်လာလည်ကြပြီး မျောက်တွေကို အစာကျွေးကြတာကြောင့် အလျှ့အပယ်ရှိနေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကြောင့် ခရီးသည် ရှားပါးသွားတဲ့အတွက် မျောက်တွေကို အစာကျွေးမယ့်သူ မရှိလောက်အောင် ဖြစ်သွားခြင်းဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ မျောက်တွေဟာ ဂိုဏ်းနှစ်ခုကွဲနေပြီး ပုံမှန်အားဖြင့် မြို့မှာရှိတဲ့ ရထားလမ်းကို အလယ်ကစည်းချကာ နယ်မြေခွဲခြားထားပါတယ်။ ဒါပေမယ့် အခုလို အစာရေစာရှားပါးလာချိန်မှာတော့ နယ်မြေစည်းကျော်ပြီး  တိုက်ခိုက်တာတွေ ဖြစ်နေကြောင်း ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြထားသည်။


12 Mar 2020     2,171 Views




RELATED

Most Popular of Special or Others

Most Popular of NEWS