BEC-TERO TV

ထမင်းစား စားပွဲမှန်ချပ်ကြီး အလိုလိုနေရင်း ထပေါက်ကွဲတဲ့ ထူးဆန်းရုပ်သံ

12 Mar 2020     2,802 Views


ထိုင်းနိုင်ငံက မိသားစုနေအိမ် တစ်အိမ်မှာ မတ်လ ၁၀ ရက်နေ့က သူ့အလိုလိုနေရင်း ထမင်းစား မှန်စားပွဲကြီး တစ်ချပ် ပေါက်ကွဲထွက်ခဲ့ပါတယ်။ စီစီတီဗီက ဖမ်းယူရရှိခဲ့တဲ့ ဒီအဖြစ်ပျက် ရုပ်သံဟာ အွန်လိုင်းပေါ်မှာ ချက်ခြင်းဆိုသလို ပြန့်နှံ့သွားခဲ့ပါတယ်။

ဗွီဒီယိုထဲမှာ တွေ့မြင်ရတဲ့အတိုင်း ထမင်းစားမှန်စားပွဲမှာ အမျိုးသမီးတစ်ဦး ထမင်းထိုင်စားနေတာ တွေ့ရပြီး၊ စားပွဲရဲ့ ဘေးနားမှာလည်း လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ယောက်တို့ အတူဆော့ကစားနေတာကို တွေ့ရပါတယ်။ မကြာခင်မှာပဲ မှန်စားပွဲကြီးက ရုတ်တရက်ကြီး ပေါက်ကွဲသွားပါတယ်။

ဒီမှန်စားပွဲကို  ပရိဘောဂပစ္စည်းတွေ ရောင်းချတဲ့ နာမည်ကြီးဆိုင်ကနေ ဝယ်လာခဲ့တာ ဖြစ်တယ်လို့ ရုပ်သံပိုင်ရှင် Noo Mewvy က ဆိုပါတယ်။ စားပွဲပေါ်မှာလည်း ကြီးမားလေးလံတဲ့ ပစ္စည်း၊ ပူတဲ့ပစ္စည်း ဘာတစ်ခုမှ တင်မထားပဲနဲ့ အခုလို ရုတ်တရက်ကြီး တစ်စစီကြေမွသွားခဲ့တဲ့အထိ ပေါက်ကွဲသွားတာပါလို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာတွေမရခဲ့ပဲ ပွန်းရှဒဏ်ရာ အနည်းငယ်သာ ရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စားပွဲကို ရောင်းချပေးခဲ့တဲ့ ကုမ္ပဏီက ဆက်သွယ်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ဘယ်လိုတာဝန်ယူ ဖြေရှင်းပေးသွားမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါ။


12 Mar 2020     2,802 Views




RELATED

Most Popular of Special or Others

Most Popular of NEWS