BEC-TERO TV

ကနေဒါဝန်ကြီးချုပ်၏ဇနီးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

13 Mar 2020     1,607 Views


ကနေဒါနိုင်ငံရဲ့ ဝန်ကြီးချုပ် ‘ဂျပ်စတင်ထရူဒို’ ရဲ့ ဇနီးဖြစ်သူ ‘ဆိုဖီ’ တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ဝန်ကြီးချုပ်အား နှစ်ပတ်ကြာ သီးသန့်ထားရှိမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရဲ့ ဇနီး ‘ဆိုဖီ’ကို မတ်လ ၁၂ ရက်နေ့က စစ်ဆေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရပြီး ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် အွန်တာရီရိုစီရင်စု တဝိုက်ရှိ စာသင်ကျောင်းများအား ခေတ္တပိတ်ထားသည်။

ဝန်ကြီးချုပ်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများ မတွေ့ရှိရကြောင်း ဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက တွစ်တာပေါ်ကနေ ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ်၏ ဇနီးအား သီးသန့်ထားရှိသွားမည်ဖြစ်သလို ဝန်ကြီးချုပ်ကိုလည်း ၁၄ ရက်ကြာ သီးသန့်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆရာဝန်၏ ညွန်ကြားချက်အရ စောင့်ကြည့်နေစဉ်ကာလအတွင်း ဝန်ကြီးချုပ်အနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဖုန်းဆက်သွယ်မှု၊ အိမ်ကနေ၍ အွန်လိုင်းအသုံးပြုကာ အစည်းဝေးပွဲများ၊ နိုင်ငံတစ်ကာခေါင်းဆောင်များနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ကနေဒါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁၄၅ ခုရှိနေပြီး ၁ ဦး သေဆုံးခဲ့သည်။ ကနေဒါနိုင်ငံ၏ စီရင်စု ၁၀ ခုတွင် ဗိုင်းရပ်စ်ကူးစက်မှုများရှိနေကြောင်း မှတ်တမ်းများအရ သိရသည်။


13 Mar 2020     1,607 Views




RELATED

Most Popular of International News

Most Popular of NEWS