BEC-TERO TV

အနမ်းတစ်ပွင့်ကြောင့် ရောဂါကူးစက်ပြီး မျက်စိတစ်ဖက်ကွယ်လုနီးဖြစ်ရတဲ့ ကလေး

13 Mar 2020     2,937 Views


မိဘတွေအနေနဲ့ ကလေးငယ်တွေကို သူတစ်ပါးက ချစ်လို့ ကိုင်တွယ်တာ၊ နမ်းတာမျိုးတွေကို ခွင့်မပြုသင့်ပါဘူး။ ဒါဟာ ကိုယ့်ကလေးထိခိုက် နစ်နာသွားနိုင်တာထက်စာရင် ဘာမှ အားနာစရာမလိုပါဘူး။

ကလေးငယ်တွေ (အထူးသဖြင့် လသားကလေး)ဟာ အလွန်အင်မတန်နူးညံ့ပြီး ကိုယ်တွင်းခုခံအားစနစ်လည်း အားနည်းသေးတာကြောင့် လူကြီးတွေမှာ ရှိနေတဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်စွမ်းမရှိသေးပါဘူး။

The Sun သတင်းစာတွင် ဖော်ပြထားသော သတင်းအရ အသက် ၆ လသားအရွယ် ‘အော်လာ’ ဆိုတဲ့ ကလေးငယ်လေးဟာ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေက သူ့ကိုကြည့်ရှုဖို့ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဒီအချိန်အတွင်းမှာတော့ ကလေးကို ချစ်လို့ နမ်းကြတဲ့ ဆွေမျိုးတွေကို မိခင်အနေနဲ့ မတားသာခဲ့ပါဘူး။ အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ ကလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အနီစက်တွေ မြင်မကောင်းအောင် ပေါက်လာပြီး ဝေဒနာခံစားခဲ့ရပါတယ်။

မိဘတွေက ကလေးကို အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရပြီး ဆေးစစ်ခဲ့ရာမှာ ရေယုန်ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်ချက်အရ သိခဲ့ရပါတယ်။ ကလေးဟာ ရေယုန်ကြောင့် မျက်လုံးတစ်ဖက် ကွယ်လုမတတ်ဖြစ်ခဲ့ပြီး ၂၄ နာရီလောက် ကုသပေးခဲ့မှသာ မျက်လုံးက ပြန်လည်သက်သာလာခဲ့ပါတယ်။

ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို သူစိမ်းဖြစ်ဖြစ် သူကျက်ဖြစ်ဖြစ် နမ်းရှုံ့ကိုင်တွယ်တာကို ခွင့်မပြုသင့်ပါကြောင်း သတိရှိဖို့ လိုပါတယ်။


13 Mar 2020     2,937 Views




RELATED

Most Popular of Special or Others

Most Popular of NEWS