BEC-TERO TV

မေမေပေးတဲ့တာဝန်သိစိတ်နဲ့ အမှိုက်ထဲက ပိုက်ဆံရှာနည်း

13 Mar 2020     1,424 Views


မိသားစုဝင်များအတွက် ထမင်းဟင်းချက်ပြုတ်ရတာကအစ အိမ်တွင်းမှုကိစ္စအဖြာဖြာကို တာဝန်ယူရတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့အလုပ်ဟာ အပြင်အလုပ်လုပ်ရသကဲ့သို့ ပင်ပန်းလွန်းလှတဲ့အလုပ်ဖြစ်ကာ တခါတရံလည်း ငြီးငွေ့ဖို့ကောင်းလှပါတယ်။ အထူးသဖြင့် အိမ်မှာ ပွနေတဲ့အမှိုက်တွေကို ကူရှင်းဖို့ မိသားစုဝင်တစ်ဦးတစ်ယောက်ကမျှ မရှိတဲ့ အခိုက်အတန့်မျိုးမှာပေါ့… စတဲ့ အကြောင်းအရာ သေးသေးမွှားမွှားလေးတွေကစပြီး အိမ်ရှင်မတစ်ယောက်အနေနဲ့ အတော်လေးကို စိတ်ပျက်အားငယ်စရာကောင်းပါတယ်။

ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို သြစီက အိမ်ရှင်မတစ်ဦးက စဉ်းစားမိခဲ့ပြီး သူမ လိုမျိုး ပြဿနာကြုံတွေ့နေတဲ့ အခြားအိမ်ရှင်မတွေအတွက်ရော အသုံးပြုနိုင်ရန် သူမ ရဲ့ဖေ့စ်ဘုခ်မှာလည်း မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ ၎င်းနည်းလမ်းကို လိုက်နာကျင့်သုံးမယ့် သူတွေကတော့ ပိုက်ဆံအိတ်နည်းနည်းထူမှဖြစ်မယ်နော်။ ဒီနည်းလမ်းဟာ ဆုပေး ဒဏ်ပေး စနစ် တော့မဟုတ်ပါဘူး၊ ပိုက်ဆံနဲ့ မိသားစုဝင်တွေရဲ့ တာဝန်ယူစိတ်၊ အသိစိတ်လေးတွေနဲ့ ဖလှယ်ယူလိုက်ခြင်းပင်ဖြစ်တယ်လို့ ဆိုပါတယ်။ နည်းလမ်းကတော့ အိမ်တွင်းအိမ်ပြင်တစ်နေရာရာမှာရှိ နေတဲ့ အမှိုက်တွေရဲ့အောက်မှာ ပိုက်ဆံအချို့ကိုဖွက်ထားပြီး အမှိုက်တွေလိုက်ရှင်းရင်းမှ ပိုက်ဆံကို တွေ့တဲ့သူယူသွားဆိုတဲ့ နည်းလမ်းကိုကျင့်သုံးခဲ့တာပါ။

အွန်လိုင်းမှာတင်ပြီးနောက် သူမ ရဲ့နည်းလမ်းက မဆိုးဘူး ကောင်းတယ်လို့ အချို့တွေကပြောပြီး၊ တချို့တွေကတော့ သူတို့ကလေးတွေက ပိုက်ဆံကိုတော့ယူသွားပြီး အမှိုက်ကိုတော့ပြန်ပစ်ချခဲ့မယ်ဆိုရင် တစ်အိမ်လုံးမှာရှိတဲ့ အမှိုက်တွေထဲက ပိုက်ဆံတွေချည်း မွှေနှောက်ရှာရင်းနဲ့ အမှိုက်တွေပိုပြီးပွသွားမှာကို စိုးရိမ်တယ်လို့လည်း ဝေဖန်ထားတာတွေကိုတွေ့ရပါတယ်။ 

(ပိုပိုလေး)


13 Mar 2020     1,424 Views




RELATED

Most Popular of Special or Others

Most Popular of Life Style