BEC-TERO TV

မျိုးပွားမှုကိုအနှောင့်အယှက်ပေးမယ့် အစားအစာများ

13 Mar 2020     1,830 Views


အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ရဲ့ သုတေသနလေ့လာချက်အဆိုအရ Junk Food လို့ခေါ်တဲ့ အာဟာရမပြည့်ဝသော၊ အဆင်သင့်စားနိုင်သော မုန့်၊ ပဲ၊ သွားရည်စာများကို စွဲစွဲမြဲမြဲစားလေ့ရှိတဲ့ အမျိုးသားများတွေမှာ ဝှေးစေ့အရွယ်အစားသေးသွားစေနိုင်ပြီး၊ သုက်ရည်ရဲ့အရည်အသွေးကိုလည်း လျော့ကျ အားနည်းစေနိုင်တဲ့ အကျိုးသက်ရောက်မှုများတွေ့ရှိကြောင်း ဆေးပညာကျကျ အထောက်အထားတွေနဲ့ ဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်။

အဆိုပါ သုတေသနလေ့လာချက်သည် အသက် (ပျမ်းမျှ) ၁၉ နှစ်အရွယ်ရှိသော စစ်တက္ကသိုလ်ကျောင်းသား အယောက် ၂၉၃၅​ ယောက် ကိုအုပ်စု ၂စု ခွဲပြီးလေ့လာကြည့်သော်.. Junk Food အစားအစာများနှင့် ပြုပြင်ပြောင်းလဲထားသော အစားအစာများဖြစ်တဲ့ ပီဇာ၊ ဟမ်ဘာဂါ၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အာလူးကြော် စသောအစားအစာများစားရန် ကြိုက်နှစ်သက်သောအုပ်စုမှာ ဝှေးစေ့အရွယ်အစားသေးငယ်ပြီး၊ သုက်ရည်အားလည်း ပိုမိုအားနည်းနေသည်ကို တွေ့ရှိကြောင်း ဆိုပါတယ်။

နောက်ထပ် အုပ်စုတစ်ခုကတော့ ငါး၊ ကြက်သား၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများစားတဲ့အုပ်စုဖြစ်ပါတယ်။ ၎င်းအုပ်စုမှာတော့ ဝှေးစေ့အရွယ်အစားပိုကြီးနေရုံသာမက၊ ပမာဏနှင့်အရည်အသွေးပိုမိုများပြား ကောင်းမွန်သော သုက်ရည်ရှိနေကြောင်းကိုလည်း သိသာစွာတွေ့ရှိရပါတယ်။

Junk Food အစားအစာများဟာ လွယ်လွယ်ကူကူနဲ့ ဝယ်စားလို့အဆင်ပြေသလို အရသာလည်းရှိတဲ့အတွက်ကြောင့် တချို့လူတွေအတွက် အတော်လေးနှစ်သက်ဖွယ်အစားအစာများ ဖြစ်နေပါတယ်။ သို့သော်လည်း များများစားရင် ကျန်းမာရေးနဲ့မညီညွှတ်တဲ့အတွက်ကြောင့် အခြားအကျိုးရှိတဲ့ အာဟာရများစုံစုံလင်လင်နဲ့ မျှမျှတတ ဖြစ်အောင် စားပေးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

(ပိုပိုလေး)

 


13 Mar 2020     1,830 Views




RELATED

Most Popular of Health Fix

Most Popular of Life Style