BEC-TERO TV

စပိန်ဝန်ကြီးချုပ်၏ ဇနီးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 စစ်ဆေးတွေ့ရှိ

16 Mar 2020     2,231 Views


စပိန်နိုင်ငံ၏ ဝန်ကြီးချုပ် Pedro Sanchez ၏ဇနီးအား ကျန်းမာရေးစစ်ဆေးကြည့်ရာတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 တွေ့ရှိခဲ့ကြောင်း စပိန်ဝန်ကြီးချုပ်ရုံးမှ မကြာသေးမီ နာရီအနည်းငယ်အတွင်းက တရားဝင်ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

စပိန်နိုင်ငံ တစ်နိုင်ငံလုံးကို ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် ဝန်ကြီးချုပ်၏ ဇနီး၌ Covid-19 positive ဖြစ်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

ရိုက်တာသတင်းဌါန၏ ဖော်ပြချက်အရ အစိုးရ၏ ကြေညာချက်တွင် ဝန်ကြီးချုပ်နှင့် သူ၏ဇနီးဖြစ်သူ Begona Gomez တို့အား ရောဂါထိန်းချုပ်နိုင်ရန် အစိုးရရုံးထဲမှာပင် သီးသန့်ထားရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း ကျန်းမာရေးဌါနက တာဝန်ရှိသူများက ပြောဆိုထားသည်။

စပိန်နိုင်ငံက တစ်နိုင်ငံလုံးကို ပိတ်ထားလိုက်ပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံသားများအနေနဲ့ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ကြာသည်ထိ မိမိတို့၏ အိမ်မှာသာနေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။ အစားအစာ၊ ဆေးဝါးများဝယ်ယူရန်၊ အလုပ်သွားရန် နဲ့ ဆေးရုံသွားရန် တို့လိုအပ်မှသာ အိမ်ပြင်သို့ ထွက်ကြပါရန် ကြေညာထားပြီးဖြစ်သည်။


16 Mar 2020     2,231 Views




RELATED

Most Popular of International News

Most Popular of NEWS