BEC-TERO TV

ကားထဲမှာရှိနေတဲ့ ရေဗူးတစ်လုံးက သင့်အသက်ကို နှုတ်ယူနိုင်

18 Mar 2020     3,175 Views


မည်သည့်ကားပိုင်ရှင်မဆို အနည်းဆုံး ရေသန့်ဗူးတစ်ဗူးလောက်တော့ ကားထဲမှာ ဆောင်ထားတတ်ကြပါလိမ့်မယ်။ သီးသန့်ဆောင်ထားတာမျိုးမဟုတ်ရင်တောင် တစ်ကြိမ်တစ်ခါက အသုံးပြုခဲ့ပြီးနောက် လွှင့်ပစ်ဖို့မေ့နေတတ်တဲ့ ရေသန့်ဗူး၊ အချိုရည်ဗူးတွေလည်း ကားထဲမှာ တစ်နည်းနည်းနဲ့ ရှိနေတတ်ပါတယ်။ ဒီဗူးတွေဟာ အပူလွန်ပြီး မပေါက်ကွဲတတ်သော်ငြားလည်း သင့်ရဲ့အသက်ကို ဆုံးရှုံးနိုင်ပါသေးတယ်။

ပြဿနာက ဒီလိုဗူးတွေကို ကားထဲမှာ စနစ်တကျ မထားပဲ အဆင်ပြေသလို ဟိုတင် သည်တင်ထားလိုက်တာက အကြောင်းရင်းခံဖြစ်ပါတယ်။ အထူးသဖြင့် ကားမောင်သူဘက်အခြမ်းမှာ ရေဗူးတွေ၊ အချိုရည်ဗူးတွေ ရှိမနေတာ အကောင်းဆုံးဖြစ်ပါတယ်။

ဒီဗူးတွေဟာ ကားမောင်းနေစဉ် ကိုယ်သတိမထားမိလိုက်တဲ့ အချိန်မှာ တစ်နည်းနဲ့နဲ့ အောက်ကို ပြုတ်ကျပြီး ဘရိတ်ခြေနင်းအောက်ကို ရောက်သွားတတ်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုကြုံပြီး ဘရိတ်နင်းတဲ့အခါ ဗူးက အောက်ကနေခံနေတာကြောင့် ဘရိတ်နင်းလို့မရပဲ မတော်တဆမှုဖြစ်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။

ဒါ့အပြင် ကားမောင်းနေရင်းတစ်ဖက်နဲ့ ရေသောက်တာ၊ အချိုရည်သောက်တာတွေကိုလည်း ဖြစ်နိုင်ရင် မပြုလုပ်သင့်ပါဘူး။ အခြေအနေတစ်ခုခုကြောင့် လေည်ချောင်းထဲမှာ ရေသီးပြီး ကားကိုထိန်းချုပ်မှုကနေ လွတ်ကာ အန္တရာယ်ဖြစ်တတ်ပါတယ်။

ဒါကြောင့် မိမိရဲ့အသက်အန္တရာယ်ကို စောင့်ရှောက်ကာကွယ်တဲ့အနေဖြင့် ယာဉ်မောင်းများ ကားမောင်းမထွက်မီ ဒရိုင်ဘာနေရာ၏ လီဗာ၊ ဘရိတ်၊ ကလပ် အစရှိသည့် ခြေနင်းပြားများအောက်မှာ အခုအခံများ ရှိမရှိ စစ်ဆေးပါ။ ကာမောင်းနေစဉ် ရေသောက်လိုပါက ကားကို အရှိန်လျော့၍သော်လည်းကောင်း ဖြစ်နိုင်ပါက လမ်းဘေးတွင် ခတ္တရပ်ပြီးမှ သောက်သင့်ကြောင်း သတိပေးလိုက်ပါတယ်။


18 Mar 2020     3,175 Views




RELATED

Most Popular of Special or Others

Most Popular of NEWS