BEC-TERO TV

ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်လူနာ ထပ်တိုးလာခြင်းမရှိတော့ကြောင်းကြေညာ

19 Mar 2020     1,870 Views


ကိုရိုနာဗိုင်းရပ်စ် အဓိကစတင်ဖြစ်ပွားရာ ဝူဟန်မြို့အပါအဝင် ဟူဘေပြည်နယ်ရှိမြို့များ၌ ကိုရိုနာဗိုင်းရပ်စ် Covid-19 လူနာ နောက်ထပ် တိုးလာခြင်းမရှိတော့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဗိုင်းရပ်စ် အကြိးအကျယ် စတင်တင်ပြန့်နှံ့ခဲ့သည့် ဟူဘေပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်လူနာများ မရှိတော့ခြင်းဖြစ်သည်။ ယခုဆိုလျှင် ထပ်တိုးလူနာများ ကင်းစင်ခဲ့တာ ၁၃ ရက်မြောက်သွားပြီဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ပြီဆိုသည့် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာပြီဖြစ်သည်။

သို့သော်ငြားလည်း တရုတ်နိုင်ငံ၏ မြို့တော် ဘေဂျင်းတွင်မူ အခြားတိုင်းပြည်များမှ တဖန်ပြန်လည်ရောက်ရှိလာသည့် ဗိုင်းရပ်စ်ကူးစက်ခံနေရမှုများ တိုးတက်လျှက်ရှိကြောင်း မှတ်တမ်းများအရ သိရှိရသည်။ တိုင်းတစ်ပါးမှ တဖန်ပြန်လည်ကူးစက်မှု အသစ်များ တရုတ်ပြည်မကြီးတွင် ဖြစ်ပေါ်နေကြောင်း အတည်ပြုခဲ့ပြီးနောက် ယင်းအချက်ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များအနေနဲ့ နိုင်ငံခြားသားခရီးသွားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့က အသစ်ထပ်မံ ကူးစက်ခံမှု ၃၄ မှုရှိကြောင်း ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနောက်ဆုံး‌တွေရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ယခင်နေ့များက ကူးစက်ခံရမှုထက် နှစ်ဆဖြစ်ကြောင်း ပြောကြားလိုက်သည်။ ကူးစက်ခံရမှု ၃၄ မှုတွင် ဘေးဂျင်းမြို့က ၂၁ မှုဖြစ်ကြောင်း နေ့စဉ်စစ်တမ်းများအရ သိရှိရသည်။

လက်ရှိတွင် တရုတ်ပြည်မကြီး၌ ကူးစက်ခံရမှုပေါင်း ၈၀,၉၂၈ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များက မတ်လ ၁၉ ရက်နေ့ ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

တရုတ်ပြည်မကြီးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မနေ့က ဗုဒ္ဓဟူးနေ့တွင် ၃,၂၄၅ မှုရှိနေပြီး ဒါဟာ ယခင်နေ့ကထက် ၈ မှု ပိုများလာကြောင်း သိရသည်။


19 Mar 2020     1,870 Views




RELATED

Most Popular of International News

Most Popular of NEWS