BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် အခြေအနေတွင် လိုအပ်ပါက စစ်တပ်ဝင်ရောက်ထိန်းသိမ်းမည်

19 Mar 2020     1,640 Views


အရှေ့တောင်အာရှနိုင်ငံများထဲတွင် မလေးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအခြေအနေ ဆိုးရွားလာတာကြောင့် အစိုးရကထုတ်ပြန်ထားသော အရေးပေါ်အခြေအနေများကို စောင့်ကြပ်ကိုင်တွယ်ရန် စစ်တပ်ကို တာဝန်ပေးထိန်းသိမ်းခိုင်းမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက် ကြာသပတေးနေ့က ဝန်ကြီး ‘အစ္စမေးလ် ဆာဘရီ ရာကော့ဘ်’ က ပြောကြားလိုက်ပါတယ်။

Senior Minister Ismail Sabri Yaakob

နေရာအနှံ့စစ်သားများကို တာဝန်ချထားမှာဖြစ်ပြီး နိုင်ငံသားများ၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့် ထိန်းချုပ်သွားမည်ဖြစ်သည်။ ‘အစ္စမေးလ် ဆာဘရီ’ ဟာ ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်ပြီး ယခုတင်ပြချက်ကို အသစ်ဖွဲ့စည်းမည့် အထူးဝန်ကြီးအဆင့်ကော်မတီသို့  အမိန်ထုတ်ပြန်ရန် တင်ပြသွားမည် ဖြစ်သည်။

လက်ရှိအနေအထားမှာတော့ ရဲတွေလောက်နဲ့တင် အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု အစိုးရက ယုံကြည်နေဆဲဖြစ်သည်။

“လက်ရှိအခြေအနေအရ လိုမယ်မယ်လို့တော့ မထင်ပါဘူး၊ ဒါပေမယ့် အကယ်၍ အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို အများစုက လေးစားလိုက်နာခြင်းမရှိတဲ့ အခြေအနေမှာတော့ စစ်တပ်အဖွဲ့ငယ်တွေကို နေရာအနှံ့ တာဝန်ချဖို့လိုမယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

“အစိုးရ အဏာပိုင်တွေ အတွက်ပဲ ဆိုရင်တေ့ အရေးမကြီးပါဘူး၊ တစ်ကယ်အရေးကြီးတာက ကျွန်တော်တို့တတွေအားလုံး  အစိုးရကထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို ကိုယ်တိုင် စောင့်ထိန်းလိုက်နာတတ်အောင် လေ့ကျင့်ထားကြဖို့ လိုပါတယ်” ဟု ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး အစိုးရဌါနများ၊ ပုဂ္ဂလိက ကဏ္ဍများကို နှစ်ပတ်ကြာပိတ်ထားရမည်ဖြစ်ပြီး မဖြစ်မနေ လိုအပ်သော ဝန်ဆောင်မှုးများသာ လည်ပတ်ကြရန် အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်။

နေ့စဉ်မရှိမဖြစ်လိုအပ်သော စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် စူပါမားကတ်၊ သားငါးဈေးနဲ့ ကုန်စုံဆိုင်များမှ လွဲ၍ လူနေအိမ်များ၊ ဘုရားရှိခိုးကျောင်းများနဲ့ စီးပွားရေး အဆောက်အဦးများအားလုံး ပိတ်ထားကြရမည်ဖြစ်သည်။

ဒါ့အပြင် အစိုးရက ပြည်သူများကို မလိုအပ်ပဲ အိမ်ထဲကနေ အိမ်ပြင်မထွက်ကြရန် ညွှန်ကြားထားပြီး ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို တတ်နိုင်သလောက် လျော့ကျသွားအောင်လုပ်ဆောင်နေပြီဖြစ်သည်။


19 Mar 2020     1,640 Views




RELATED

Most Popular of International News

Most Popular of NEWS