BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်အရေး စစ်တပ်က ဝင်ထိန်းပေးရန် မလေးရှားအစိုးရ ဆုံးဖြတ်

20 Mar 2020     1,936 Views


ယနေ့နောက်ဆုံးရ သတင်းများအရ လာမည့် မတ်လ ၂၂ ရက် တနင်္ဂနွေနေ့မှ စတင်ကာ မလေးရှား၌ ကိုရိုနာဗိုင်းရပ်စ် လျှော့ချထိန်းချုပ်ရေးကိစ္စတွင် စစ်တပ်က တာဝန်ယူစောင့်ကြပ် ထိန်းသိမ်းပေးတော့မည်ဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာ Malaysian Insight တွင် ဖော်ပြပါရှိသည်။

မလေးရှားတွင် ဗိုင်းရပ်စ်ပြန့်နှံ့မှုများ အခြေအနေဆိုးရွားလာမှုကြောင့် ပြည်သူများအား အိမ်ထဲကနေ အိမ်ပြင်မထွက်ကြရန် အစိုးရက ညွှန်ကြားထားပြီးဖြစ်ကာ ပြည်သူများ၏ လိုက်နာမှုအခြေအနေများကို စစ်တပ်က အဖွဲ့ငယ်လေးများဖြင့် နေရာအနှံ့တာဝန်ယူ လှည့်လည်ကာ ထိန်းသိမ်းပေးတော့မည်ဖြစ်သည်။ စစ်တပ်က ကိုရိုနာဗိုင်းရပ်စ်အရေး ဝင်ရောက်ကူညီမည့် အဆိုကို မတ်လ ၁၈ ရက်နေ့က အစိုးရထံ တင်ပြထားခဲ့ပြီး အခုနောက်ဆုံး သဘောတူ ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စစ်တပ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း အစိုးရက ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာလုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ဆဘရီ ရာကော့ဘ် က ပြောကြားလိုက်ပါတယ်။

 

မလေးရှား စစ်တပ်အနေနဲ့ လာမည့် မတ်လ ၂၂ ရက် တနင်္ဂနွေနေ့မှ စတင်ကာ ကင်းလှည့် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အစိုးရက ညွှန်ကြားထားတဲ့ အိမ်ပြင်မထွက်ရ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိပဲ ချိုးဖောက်မှုတွေ ရှိနေတာကြောင့် စစ်တပ်က ဝင်ရောက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်ရတာဖြစ်ပါတယ်။ ညွှန်ကြားချက်များ ချိုးဖောက်သူတွေကို ထောင်ဒဏ် ငွေဒဏ်များချမှတ်နိုင်ရန် မလေးရှား စီစဉ်ထားကြောင်း သိရှိရသည်။


20 Mar 2020     1,936 Views




RELATED

Most Popular of International News

Most Popular of NEWS