BEC-TERO TV

ထောင်ပေါင်းများစွာသော ပြည်သူများ ဘန်ကောက်မြို့ကို စွန့်ခွာ

23 Mar 2020     1,776 Views


မတ်လ ၂၂ ရက် တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ်အမှု ၂၀၀ နီးပါး အသစ်ထပ်မံတွေ့ရှိခဲ့ရပြီးနောက် ဘန်ကောက်မြို့ကြီးကို အသက်ညီာဆုံးပိတ်ဆို့မှု (soft lockdown) ချရန် အာဏာပိုင်များက ကြေညာလိုက်သည့်အတွက် ထောင်ပေါင်းများစွာသော ပြည်သူတွေ ဘန်ကောက်မြို့ကြီးကို စွန့်ခွာရန် အဝေးပေးကားဂိတ်တွေမှာ ပြည့်လျှံနေတာကို မြင်တွေ့ရပါတယ်။

တနင်္ဂနွေနေ့မှာ ဘန်ကောက်မြို့ရဲ့ပြင်ပကို ထွက်ခွာမည့် ဘတ်စ်ကားတွေပေါ်မှာ လူပေါင်း ၈၀,၀၀၀ လောက် ပြည့်နှက်နေခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၅၉၉ မှုထိရှိလာပြီး အများစုမှာ ဘန်ကောက်မြို့မှဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌါန၏ ပြောခွင့်ရပုဂ္ဂိုလ် သာဗီဆစ်လ် ဝီစနောင်ယုသင် က ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့တော်ဝန် အက်စ်ဝန်ကွမ်မောင်း က ပြည်သူတွေအတွက် မရှိမဖြစ် ကုန်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေကလွဲရင် ဘန်ကောက်အနီးနားက စီရင်စု ၅ ခုနှင့် ဈေးဝယ်စင်တာတွေနဲ့ ‌အခြားသောဈေးများကို သုံးပတ်ပိတ်ရန် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများက ဘန်ကောက်မြို့ကို စွန့်ခွာဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

သယ်ယူပို့ဆောင်ရေးအရာရှိများအနေနဲ့ ထွက်ခွာသွားသူများ၏ ကိုယ်ရေးအချက်အလက်နဲ့ ဆက်သွယ်နိုင်မည့် အချက်အလက်များကို ရယူထားကြရန်၊ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရန် ဝန်ကြီးဌါနမှ ညွန်ကြားထားသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသော ပထမအသုတ် ၆၅ ဦးတွင် ၂၁ ဦးမှာ ၂၁ ဦးမှာ လက်ဝှေ့လေ့ကျင့်ရေးရုံများနှင့် ဆက်စပ်နေပြီး ၅ ဦးမှာ ဖျော်ဖြေရေးကဏ္ဍဖြစ်သည်။ ၂ ဦးမှာ မလေးရှားနိုင်ငံ ဘာဘာရေးပွဲနဲ့ ဆက်စပ်ပြီး ဘန်ကောက်မြို့ရှိ ၃၇ ဦးနဲ့ အနီးကပ်ဆက်ဆံ ခဲ့ကြောင်း သိရသည်။

ဒုတိယအသုတ် ၁၅ ဦးတွင် ၆ ဦးမှာ နိုင်ငံခြားတွင် ပညာသင်ကြားနေရာမှ ပြန်လာကြသော ကျောင်းသားများဖြစ်ကာ ၇ ဦးမှာ လူစည်ကားရာနေရာများတွင် ဈေးရောင်းချသူများဖြစ်သည်။ အခြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ၏ ရင်းမြစ်ကို ဆက်လက် စုံစမ်းနေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြပါရှိသည်။


23 Mar 2020     1,776 Views




RELATED

Most Popular of International News

Most Popular of NEWS