BEC-TERO TV

တရုတ်တွင် အခြေနေကောင်းလာသဖြင့် Lockdown ပြန်လည်ရုတ်သိမ်း

24 Mar 2020     2,117 Views


၂ လကြာ Lockdown လုပ်ခံထားရပြီး အိမ်ထဲကနေ အိမ်ပြင်မထွက်ရတဲ့ ပြည်သူတွေကို မတ်လ ၂၃ ရက်နေ့တွင် အစိုးရက Lockdown  ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဝူဟန်မြို့တွင် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

ctvnews သတင်းတွင် ‌ဖော်ပြထားချက်အရ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့ကြီးက ယခုဆိုလျှင် ရောဂါပြန့်ပွားမှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ပြည်သူများကို ပုံမှန်အတိုင်းသွားလာခွင့်ပြုကာ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများလည်း စတင်လည်ပတ်နေပြီဖြစ်သည်။ ကျန်းမာရေးဦးစီးဌါနက ကိုရိုနာဗိုင်းရပ်စ် အမှုသစ်များ နောက်ထပ် မတွေ့ရှိရတော့ကြောင်း ယမန်နေ့က ကြေညာခဲ့သော်လည်း နိုင်ငံရပ်ခြားမှ လူ ၃၉ ဦးတွင် ကူးစက်ခံထားရကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဝူဟန်မြို့ကြီးနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဟု သုံးသပ်ခဲ့ပြီးနောက် သက်ဆိုင်ရာက Lockdown ကို ဖြည်လျှော့ပေးလိုက်ခြင်းဖြစ်သည်။ ပြည်သူများအနေနှင့် သူတို့၏ မှတ်ပုံတင်ကတ်ပြားများကိုပြသ စစ်ဆေးမှုခံယူကာ ဗိုင်းရပ်စ်ကင်းစင်ကြောင်း ထောက်ခံချက် စာရွက်စာတမ်း ရယူပြီး လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နိုင်သလို တစ်မြို့ကနေ တစ်မြို့ကိုလည်း ခရီးသွားလာခွင့် ရရှိပြီဖြစ်ကြောင်း သိရှိရသည်။


24 Mar 2020     2,117 Views




RELATED

Most Popular of International News

Most Popular of NEWS