BEC-TERO TV

ထိုင်းတွင် ရဲအရာရှိ ၂၇ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

31 Mar 2020     1,860 Views


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရဲအရာရှိ (၂၇)ဦး ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံထားရကြောင်း ဘန်ကောက်မြို့ရှိ ရဲအရာရှိချုပ်က မတ်လ ၃၀ ရက် တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

ရဲအရာရှိ ‘ပက်ကာပေါင်’ ၏ ပြောကြားချက်အရ ရဲဝန်ထမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီးနောက် အခြားသော ရဲဝန်ထမ်း ၃၂၆ ဦးကို ရောဂါခြေချုပ်ဖြင့် ထိန်းသိမ်းစောင့်ကြည့်လျှက်ရှိသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသော ရဲအရာရှိများဟာ အစုအဖွဲ့နှစ်ခုတို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပထမတစ်စုမှာ လက်တလော အလုပ်တာဝန်ဖြင့် စပိန်နိုင်ငံမှ ပြန်ရောက်လာကြသူများဖြစ်ပြီး နောက်တစ်စုမှာ ကိုရိုနာဗိုင်းရပ်စ် အဓိကကူးစက်ပြန့်နှံ့ခဲ့ရာ နေရာများဖြစ်သည့် လမ်ပနီ လက်ဝှေ့လေ့ကျင့်ရေးရုံနှင့် သွန်လော ဖျော်ဖြေရေးလုပ်ငန်းများရှိရာနေရာများသို့ သွားရောက်ခဲ့ကြသူများ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ကူးစက်ခံထားရသူ အရာရှိတစ်ဦးမှာ တလိုင်းချန်း စီရင်စုရှိ လက်ထောက် ယာဉ်ထိန်းရဲ အရာရှိချုပ်ဖြစ်ပြီး သူနှင့်အနီးကပ် ထိတွေ့ခဲ့သူများအားလည်း ရောဂါခြေချုပ်ထားရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းအရာရှိ မည်သို့မည်ပုံ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့်အကြောင်းရင်းကို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌါနမှ စုံစမ်းစစ်ဆေးလျှက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့အထိ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၁၃၆ ဦးထိရှိလာပြီး ၂ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြပါရှိသည်။


31 Mar 2020     1,860 Views




RELATED

Most Popular of International News

Most Popular of NEWS