BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် မောင်းမအယောက် ၂၀ နဲ့အတူ ထိုင်းဘုရင် သီးခြားနေထိုင်

31 Mar 2020     1,869 Views


ထိုင်းနိုင်ငံ၏ ဘုရင်ကြီး မဟာဗဂျီယာလောင်ကွန်း (ရာမ ၁၀) သည် ကိုရိုနာဗိုင်းရပ်စ် Covid-19 မှ ကာကွယ်ရန် ဂျာမဏီနိုင်ငံရှိ ဇိမ်ခံဟိုတယ်ကြီး တစ်လုံး(လုံး)ကို ငှားရမ်းကာ မိဖုရား၊ မောင်းမယောက် ၂၀ တို့နဲ့ သီခြားနေထိုင်လျှက်ရှိကြောင်း ဂျာမဏီသတင်းဌါနများက အခိုင်အမာပြောဆိုလိုက်သည်။

ထိုင်းဘုရင်ကြီးဟာ ဂျာမဏီနိုင်ငံ Bavaria ရှိ ဇိမ်ခံဟိုတယ်ကြီး Grand Hotel Sonnenbichl တစ်ခုလုံးကို ငှားရမ်းထားခြင်းဖြစ်သည်။ သူ၏ စတုတ္ထမြောက်မိဖုရား စုသီတာ လည်း ဘုရင်ကြီးနဲ့အတူရှိနေသည်။ သို့သော် နန်းတွင်းအမှုထမ်း ၁၁၉ ဦးကိုမူ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံရမှုနဲ့ ပက်သက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။

ဘုရင်းကြီး ငှားရမ်းနေထိုင်သော ဟိုတယ်ကြီးမှာ ဒေသတွင်းစီရင်စုတွင် ဆက်လက်ဖွင့်လှစ်ခွင့် အထူးပါမစ်ရရှိထားသော ဟိုတယ်ကြီးဖြစ်ကြောင်း Bild သတင်းတွင် ဖော်ပြထားသည်။

ဂျာမဏီနိုင်ငံတွင် ဇိမ်ခံဟိုတယ်ကြီး တစ်လုံးလုံးကို ငှားရမ်းကာ ကိုရိုနာဗိုင်းရပ်စ် ရှောင်ရှားနေသည့် ဘုရင်ကြီး၏သတင်း ထိုင်းနိုင်ငံတွင် ပြန့်နှံ့ခဲ့ပြီးနောက် ထိုင်းပြည်သူများက အွန်လိုင်းပေါ်တွင် ဝေဖန်ပြောဆိုမှုများ အကြီးအကျယ်ဖြစ်ပေါ်နေသည်။

ထိုင်းနိုင်ငံ၏ ရှေးထုံးဥပဒေအရ သက်ဦးဆံပိုင်ဘုရင်မိသားစုကို ဝေဖန်စော်ကားပြောဆိုသူ မည်သူကိုမဆို ထောင်ဒဏ် ၁၅ နှစ်အထက် ချမှတ်နိုင်ကြောင်း ပြဌါန်းထားသည်။ သို့သော်ငြားလည်း လူမှုကွန်ယက် တွစ်တာပေါ်တွင် (why do we need a king) #whydoweneedaking ဟု ၂၄ နာရီအတွင်း သန်းနဲ့ချီကာ ရေးသားမှုများ ပေါ်ပေါက်လာခဲ့သည်။

ဂျာမဏီနိုင်ငံသည် ထိုင်းဘုရင်ကြီး၏ ဒုတိယအိမ်သဖွယ်ဖြစ်ခဲ့ပြီး သူ၏အချိန်တော်တော်များများကို ထိုနိုင်ငံတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။ Bild သတင်းဌါနက ဂျာမဏီနိုင်ငံရှိ ထိုင်းသံရုံးသို့ ဆက်သွယ်ပြီး မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိကြောင်း သိရသည်။


31 Mar 2020     1,869 Views




RELATED

Most Popular of International News

Most Popular of NEWS