BEC-TERO TV

ဖိလစ်ပိုင်တွင် ရောဂါခြေချုပ် မလိုက်နာသူမျာကို ခွေးလှောင်အိမ်ထဲ ထည့်ပိတ်

31 Mar 2020     2,333 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်မှုဒဏ်ကို ခံနေရသည့်နိုင်ငံများထဲတွင် ဖိလစ်ပိုင်လည်း တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ ဗိုင်းရပ်စ်ပြန့်ပွားမှုကို လျှော့ချထိန်းချုပ်နိုင်စေရန် အခြားနိုင်ငံများကဲ့သို့ ရောဂါခြေချုပ်ညွှန်ကြားချက်များက အစိုးရက ချမှတ်ထားသည်။

ညွှန်ကြားချက်များကို မလိုက်နာပဲ ဖောက်ဖျက်ခဲ့သော အမျိုးသား ၅ ဦးကို ပြန်လည်ဖမ်းဆီးကာ ရက်စက်စွာဖြင့် သံဇကာများ ပတ်ချာလည် ကာရံထားသော ခွေးလှောင်အိမ်ထဲမှာထည့်ထားခဲ့မှု လူဇွန်ကျွန်းမြို့လေးတွင် ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ဗိုင်းရပ်စ်ကာကွယ်ရေး စီမံချက်ဖြင့် လူအများစုဝေးခြင်း၊ ကျွန်းပေါ်ကနေ အပြန်အလှန် ခရီးသွားလာခြင်းတို့ကို ပိတ်ပင်ထားပြီး မရှိမဖြစ်မဟုတ်သည့် ပစ္စည်းများရောင်းချသည့် ဆိုင်များအားလုံးလည်း ပိတ်ထားရသည်။ ရောဂါခြေချုပ်စီမံချက်ကို လိုက်နာခြင်းမရှိသူများအား ပြန်လည်ဖမ်းဆီးပြီး ခွေးလှောင်အိမ်ထဲထည့်က ရဲတစ်ဦးက စောင့်ကြည့်နေသည့် ဓါတ်ပုံ အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့သည်။

လူအခွင့်အရေးစောင့်ကြည့်သူများ၏ အဆိုအရ မနီလာမြို့ တောင်ဘက်ပိုင်းတွင်လည်း အလားတူ နှိပ်စက်ညှင်းပန်းမှုပေါင်း ရာနဲ့ချီရှိနေကြောင်း သိရသည်။ အာရှဆိုင်ရာ လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ Phil Robertson က ရဲဝန်ထမ်းများနဲ့ အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးခံထားရတဲ့ လူတွေရဲ့ အခွင့်အရေးကို လေးစားသင့်ကြောင်း၊ ယခုလို နည်းလမ်းမကျသည့်ပုံစံမျိုး ကျူးလွန်ခဲ့သူများကို အာဏာပိုင်များအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လိုကြောင်း Philstar သတင်းတွင် ဖော်ပြပါရှိသည်။


31 Mar 2020     2,333 Views




RELATED

Most Popular of Special or Others

Most Popular of NEWS