BEC-TERO TV

စင်ကာပူတွင် လျှပ်စစ်မီတာခများ ဧပြီလကနေ ဇွန်လထိ လျှော့ချမည်

01 Apr 2020     3,007 Views


လောင်စာဆီဈေးနှုန်း ကျဆင်းလာမှုကြောင့် ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ သုံးစွဲသော လျှပ်စစ်မီတာခများ ၅.၁% လျော့ကျသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ SP Group မှ မတ်လ ၃၁ ရက် အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အိမ်သုံးလျှပ်စစ်မီတာသုံးစွဲမှု တစ်ကီလိုဝပ်တွင် စင်ကာပူဒေါ်လာ၂၄.၂၄ ပြား(ကျပ် ၂၃၃) ကနေ ၂၃.၀၂ ပြား ထိ လျော့ကျသွားမည်ဖြစ်ကြောင်း SP Group က သတင်းထုတ်ပြန်ခဲ့သည်။

အခန်း ၄ ခန်းပါရှိသည့် HDB အိမ်ခန်းတစ်ခန်းတွင် လက်ရှိကျသင့်နေသည့် မီတာခ တစ်လစာ ပျှမ်းမျှနှုန်းထားတွင် ဒေါ်လာ ၃.၈၉ (ကျပ် ၃,၇၈၅) လျော့နည်းသွားမည်ဖြစ်သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် စင်ကာပူအစိုးရက လက်တလောဆောင်ရွက်နေသည့် စီးပွာရေးလုပ်ငန်းများနဲ့ စီမံခန့်ခွဲရေး ကုန်ကျစရိတ်များကို ဘဏ္ဍာရေး အရတောင့်ခံနိုင်ရန် စီစဉ်ဆောင်ရွက်မှုးမားနဲ့ တစ်သားတည်း လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း SP Group မှ ပြောကြားသည်။

လျှပ်စစ်မီတာသုံးစွဲခနှုန်းထားများသည် လောင်စာဆီဈေးကွက် ကြီးကြပ်ရေးအာဏာပိုင်များ၏ ချမှတ်ထားသော ညွှန်ကြားချက်များအပေါ် အခြေတည်၍ ကောက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် လျှပ်စစ်မီတာခများသာမက အိမ်သုံး လောင်စာ ဂက်(စ်) ဈေးနှုန်းများကိုပါ ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ ၀.၇% ကနေ ၀.၁၂% ထိ လျော့ကျသွားမည်ဖြစ်ကြောင်း Channel News Asia သတင်းတွင်ဖော်ပြထားသည်။


01 Apr 2020     3,007 Views




RELATED

Most Popular of International News

Most Popular of NEWS