BEC-TERO TV

Lockdown ညွှန်ကြားချက် ဖီဆန်သူများအား ပစ်သတ်ရန် ဒူတာတေး အမိန့်ပေး

02 Apr 2020     2,047 Views


ဖိလစ်ပိုင်သမ္မတ ဒူတာတေး က ကိုရိုနာဗိုင်းရပ်စ် Covid-19 ပြန့်ပွားမှုကို ကာကွယ်လျော့ချနိုင်ရေးအတွက် Lockdown ညွှန်ကြားချက်များ တစ်နိုင်ငံလုံးကို ထုတ်ပြန်ထားရာ ညွှန်ကြားချက်ကို မလိုက်နာပဲ ပြဿနာရှာသူများအား ပစ်သတ်ရန် စစ်တပ်နဲ့ ရဲများကို အမိန့်ပေးလိုက်သည်။

ပြည်သူများကို ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ပြည်သူများအနေနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည့်အတိုင်း မိမိတို့၏ နေအိမ်ထဲတွင် နေထိုင်ရင်း ရောဂါပြန့်နှံ့မှု နှေးကွေးသွားအောင် ကူညီရင်း နိုင်ငံ၏ ချို့ငဲ့သောကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီကြပါရန် ပြောကြားခဲ့ပါတယ်။

“ရဲတပ်ဖွဲ့နဲ့ စစ်တ်ပ်ကို ငါအမိန့်ပေးမယ်..၊ တစ်ကယ်လို့ အခုလုပ်ငန်းစဉ်တွေအတွင်းမှာ ပြန်လည်တိုက်ခိုက်သူတွေ၊ ပြဿနာရှာသူတွေရှိလာလို့ မင်းတို့အတွက် အသက်အန္တရာယ်ရှိတယ်ဆိုရင် ပစ်သတ်လိုက်ကွာ” ဟု ဧပြီလ ၁ ရက်နေ့မှာ သမ္မတဒူတာတေး က ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေအရ ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၂,၃၁၁ မှုရှိနေပြီး ၉၆ ဦး သေဆုံးကာ နေ့စဉ် ရာနဲ့ချီပြီး ကူးစက်ခံနေရကြောင်း သတင်းများ ပေါ်ထွက်နေပါတယ်။

“နားလည်ကြတယ်မဟုတ်လား..? ပြဿနာရှာမယ့်အစား သေလိုက်ကြ၊ ငါကိုယ်တိုင် သင်္ဂြိုလ်ပေးမယ်” ဟု သမ္မတက သူ၏ဆိုလိုရင်းကို ဖိဖိစီးစီးစီး ပြောကြားခဲ့ပါတယ်။


02 Apr 2020     2,047 Views




RELATED

Most Popular of International News

Most Popular of NEWS