BEC-TERO TV

မြန်မာနိုင်ငံတွင် အမျိုးသားထက် အမျိုးသမီးက လူဦးရေ ၂.၂၈ သန်း ပိုများနေ

02 Apr 2020     2,089 Views


လူဦးရေ ၅၄.၄၈ သန်း နေထိုင်ကြသော မြန်မာနိုင်ငံတွင် သုံးလအတွင်း ခန့်မှန်းခြေ နောက်ထပ် လူဦးရေ ၁၃၀,၀၀၀ ထပ်တိုးလာကြောင်း ဧပြီလ ၂ ရက် ကြာသပတေးနေ့တွင် ပြန်ကြားရေးဝန်ကြီးဌါနက ထုတ်ပြန်လိုက်လိုက်ကြောင်း ဆင်ဟွာသတင်းဌါနကို ကိုးကား၍ The Star သတင်းတွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ကအထိ မြန်မာနိုင်ငံလူဦးရေမှာ ရန်ကုန်မြို့တွင် ၈.၃၉ သန်း၊ မန္တလေးမြို့တွင် ၆.၅၄ သန်းနှင့် ရှမ်းပြည်နယ်တွင် ၆.၄၃ သန်းတို့ဖြစ်ပြီး အဆိုပါ နေရာသုံးခုမှာ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်ရာ ထိပ်တန်း ၃ နေရာဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌါန၏ စာရင်းဇယားများကို ကိုးကားပြီး ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့အထိ သန်းခေါင်းစာရင်းအရ လူဦးရေ ၅၄.၄၅ ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌါနမှ ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

တစ်နိုင်ငံလုံးရှိ လူဦးရေများထဲတွင် အမျိုးသမီးဦးရေက ၂.၂၈ သန်း ပိုမိုများပြားလျှက်ရှိသည်။ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော အမျိုးသမီးဦးရေ ၂၈.၄၃ သန်းရှိပြီး အမျိုးသားဦးရေက ၂၆.၁၅ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌါန Myanmar Census 2014 တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။


02 Apr 2020     2,089 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS