BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ် ထိတ်လန့်မှုကြောင့် အင်ဒိုတွင် ထောင်သား ၁၈,၀၀၀ ပြန်လွှတ်ပေး

03 Apr 2020     1,939 Views


အင်ဒိုနီးရှားနိုင်ငံရှိ ထောင်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ထိတ်လန့်စိုးရွံ့မှုကြောင့် ထောင်တွင်း ဆူပူမှုများဖြစ်ပေါ်လာခြင်းကို ထိန်းချုပ်နိုင်ရန် အချို့သော ထောင်သား ၁၈,၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များက ကြသပတေးနေ့တွင် ပြောကြားလိုက်သည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများရှိ ထောင်များတွင် ထောင်၏အုပ်ချုပ်ရေးယန္တရားစနစ် တည်ငြိမ်စေရန်နှင့် ကူးစက်ရောဂါဆိုးကြီး၏ ရေရှည်အန္တရာယ်ရှိနိုင်မှုတို့ကြောင့် ထောင်သား ၃၀,၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပပါတယ်။ အဲဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်ခဲ့ပြီး ယခုကဲ့သို့ ထောင်သား အများအပြားကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယူနိုင်တက်နေရှင်(UN) က ရောဂါအခံ ခုခံအားနည်းသော ထောင်သားများကို ပြန်လွတ်ပေးကြရန် နိုင်ငံအသီးသီးကို တိုက်တွန်းခဲ့ပြီးနောက် အာဖဂန်နစ္စတန်က လွန်ခဲ့သော သီတင်းပတ်တွင် ထောင်သား ၁၀,၀၀၀ လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

“ကျွန်မတို့ရဲ့ ရည်မှန်းချက်က စုစုပေါင်း ထောင်သား ၃၀,၀၀၀ ပြန်လွှတ်ပေးဖို့ပါ၊ ဒါပေမယ့် နောက်ထပ် လွှတ်ပေးဖို့တွေ ကျန်ပါသေးတယ်” ဟု  ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Rika Aprianti က ပြောကြားခဲ့သည်။

လွှတ်ပေးလိုက်သော ထောင်သားများကို ထောင်ကလွတ်လွတ်ခြင်း နေအိမ်တွင် ဦးစွာ သီးသန့်နေထိုင်ကြရန် မှာကြားထားကြောင်း သိရသည်။


03 Apr 2020     1,939 Views




RELATED

Most Popular of International News

Most Popular of NEWS