BEC-TERO TV

မြန်မာနိုင်ငံဆရာဝန်အသင်းက ဇီဝိတဒါနသံဃာ့ဆေးရုံတွင် TB ရောဂါအခမဲ့ကုသပေး နေ

21 Sep 2015     1,304 Views


မြန်မာနိုင်ငံဆရာဝန်အသင်းဟာ ဇီဝိတဒါနသံဃာ့ဆေးရုံမှာလာရောက်ပြသတဲ့ TB လက္ခဏာတွေရတဲ့လူနာတွေကိုစက်တင်ဘာလ ၄ ရက်နေ့ကနေအခုနှစ်ကုန်အထိအခ မဲ့ကုသပေးနေတာပါ။မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ တီဘီစီမံချက် PPM TB Project အဖြစ် ဇီဝိတဒါန ဆေးရုံမှာလာရောက်ပြသတဲ့ပြင်ပလူနာဌာနကလူတွေကို အခမဲ့ကုသပေးနေတယ်လို့သိရပါတယ်။လက်ရှိအထိတော့ဒီဆေးရုံးမှာလာရောက်ပြသတဲ့ TB သံသယရှိလို့လာရောက်ပြသသူအယောက် ၂၀ ထဲက ၆ ဦးကိုဆေးကုသမှုပြု လုပ်ပေးနေတယ်လို့သိရပါတယ်။TB ဝေဒနာရှင်တွေကိုတစ်ပတ်မှာ ဗုဒ္ဓဟူးနေ့နဲ့ကြာသ ပတေးနေ့တွေမှာသီသန့်ဖွင့်လှစ်ပြီးကုသပေးနေတာဖြစ်ပြီး TB ရောဂါသံသယရှိသူမည် သူမဆိုလာရောက်ကုသမှုခံယူနိုင်တယ်လို့သိရပါတယ်။


21 Sep 2015     1,304 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS