BEC-TERO TV

ဘင်္ဂါလီရာနဲ့ချီ မလေးရှားကမ်းခြေသို့ လှေဖြင့်ခိုးဝင်သဖြင့် ဒေသခံများ ဒေါသထွက်နေ

06 Apr 2020     1,792 Views


မလေးရှားနိုင်ငံတွင် မျှော်လင့်မထားပဲ ဘင်္ဂါလီ ၂၅၀ ကျော်တင်ဆောင်လာသော သစ်သားလှေကြီးတစ်စီးက လမ်ကာဝီကမ်းခြေသို့ ဧပြီလ ၅ ရက်နေ့ နံနက်စောစောပိုင်း ၅ နာရီခန့်က တစ်ရွေ့ရွေ့ချဉ်းကပ်ဆိုက်ကပ်လာပြီး ကမ်းသို့မရောက်မီ မီတာ ၁၀၀ ခန့်အကွာကပင် လှေပေါ်မှ ရေထဲသို့ခုန်ချကာ ကူးခတ်လာနေကြသော မြင်ကွင်းကြောင့် ဒေသခံများက ဒေါသထွက်ပြီး သက်ဆိုင်ရာကို တိုင်ကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် Covid-19 ဖြစ်ပွားနေချိန်မှာ ယခုလို မျှော်လင့်မထားသော ဖြစ်ရပ်ကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ကြသည်။ မလေးရှား အာဏာပိုင်များက ခိုးဝင်ဘင်္ဂါလီများအားလုံးကို ဖမ်းဆီးကာ ကမ်းခြေမှာပင် သီးသန့်နေရာချထားကာ ထိန်းချုပ်ထားသည်။ လက်ရှိတွင် မလေးရှားရေကြောင်းအာဏာပိုင်အေဂျင်စီက ဖြစ်စဉ်ကို စုံစမ်းလျှက်ရှိပြီး သတင်းထုတ်ပြန်ရန် အဆင်သင့်မဖြစ်သေးကြောင်း မီဒီယာများ၏ မေးခွန်းကို ဖြေကြားခဲ့သည်။

သတင်းများအရ ဒေသခံများက လွန်စွာဒေါသထွက်နေကြကာ ကမ်းခြေရှိ ခိုးဝင်ဘင်္ဂါလီများ ထားရှိရာနေရာကိုလည်း ဆန့်ကျင်သည့်အပြုအမူများ လုပ်ဆောင်နေကြပြီး ယခုလိုအချိန်မျိုးတွင် အစိုးရအနေနဲ့ နိုင်ငံသားများ၏ အရေးကို ဦးစားပေးဖို့ မျှော်လင့်နေကြကြောင်း သိရသည်။ ယခုကဲ့သို့ ခိုးဝင်လာကြသူတွေမှာ Covid-19 ရောဂါသည် ပါလာမည်ကို လွန်စွာမှ စိုးရိမ်ပူပန်မှုများလည်း ရှိနေကြာင်း မလေးသတင်းစာ The Star တွင် ဖော်ပြပါရှိသည်။


06 Apr 2020     1,792 Views




RELATED

Most Popular of International News

Most Popular of NEWS