BEC-TERO TV

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ရောဂါအခြေအနေဆိုးလာသဖြင့် ICU တွင် ကုသမှုခံနေရ

07 Apr 2020     1,708 Views


အင်္ဂလန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီးနောက် တစ်ကိုယ်တည်းသီးသန့် အလုပ်တာဝန်များကို ထမ်းဆောင်နေခဲ့ရာမှ ရောဂါလက္ခဏာအခြေအနေ ဆိုးရွားလာသဖြင့် အထူးကြပ်မတ်ဆောင်သို့ ရွေ့ပြောင်းကာ ကူသမှုခံယူနေရသည်။

ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ကျန်းမာရေးအဖွဲ့၏ အကြံပေးချက်အရ ဝန်ကြီးချုပ်အား အကောင်းဆုံးသော ကုသမှုများပြုလုပ်နိုင်ရန် အထူးကြပ်မတ်ဆောင်သို့ ရွေ့ပြောင်းရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟာ ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများ အဖန်တလဲလဲ ပြသနေတာကြောင့် တနင်္ဂနွေနေ့ ညနေပိုင်းက လန်ဒန်မြို့ရှိ စိန့်သောမတ်စ် ဆေးရုံကြီးကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်၏ ကျန်းမာရေးသတင်းအား ဘုရင်မကြီးကို တင်ပြထားခြင်းမရှိကြောင်း ဘာကင်ဟမ်နန်းတော်၏ အဆိုအရ သိရသည်။

ဝန်ကြီးချုပ်အား တနင်္လာနေ့ နေ့လည်ပိုင်းမှ စတင်ကာ အောက်ဆီဂျင်တပ်ပေးထားရကြောင်း ဘီဘီစီ၏ နိုင်ငံရေးသတင်းထောက် ခရစ်မာဆန် က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ၏ ကျန်းမာရေးနဲ့ ပက်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်ပြည်သူများကို ဆုတောင်းပေးကြရန် ပြောကြားခဲ့ပါတယ်။ “မစ္စတာဂျွန်ဆင် ဟာ ကျွန်တော့်အတွက် မိတ်ဆွေကောင်းဖြစ်သလို နိုင်ငံတော်အတွက်လည်း မိတ်ဆွေကောင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မစ္စတာဂျွန်ဆင် ဟာ လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဆေးစစ်ကြည့်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် သီးသန့်နေထိုင်ကာ အလုပ်တာဝန်များကို ဆက်လက်ထမ်းဆောင်နေရာမှ အခြေအနေဆိုရွားလာပြီးနောက် ဆေးရုံတက်ကာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။


07 Apr 2020     1,708 Views




RELATED

Most Popular of International News

Most Popular of NEWS