BEC-TERO TV

မျက်မမြင်အမျိုးသမီး၏ မျက်နှာနားကပ်ပြီး ချောင်းဆိုးခဲ့သူအား ရဲအဖွဲမှ ရှာဖွေနေ

07 Apr 2020     2,168 Views


အင်္ဂလန်နိုင်ငံတွင် ဧပြီလ ၄ ရက်၊ စနေနေ့ က အသက် ၅၀ အရွယ် မျက်မမြင် အမျိုးသမီးကြီးတစ်ဦးက သူမခွေး၏ အကူအညီဖြင့် Melksham မြို့ရှိ နေအိမ်သို့ လမ်းလျှောက်ပြန်လာခဲ့စဉ် လမ်းမှာ တွေ့သော လူစိမ်းတစ်ဦးမှ သူမ၏ မျက်နှာအနားသို့ကပ်ကာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးသွားတဲ့ လုပ်ရပ်ကို ခံခဲ့ရခြင်းဖြစ်သည်။

Wiltshire ရဲအဖွဲ့၏ အဆိုအရ လမ်းတွင် သူမအနီးသို့ လူတစ်ဦး ကပ်လာစဉ် ခွေးကအသံပြု ဟောင်နေခဲ့ကြောင်း၊ သူမက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး တစ်ဦးနဲ့တစ်ဦး ရှိသင့်သော အကွာအဝေး ညွှန်ကြားချက်အရ လူစိမ်းအား အနားကပ်မလာပဲ ဝေးဝေးနေရန်ပြောခဲ့ကြောင်း၊ သို့သော် လူစိမ်းက အနားသို့ရောက်လာပြီး သူမ၏ မျက်နှာအနား ကပ်ကာ ချောင်းဆိုးသွားခဲ့ခြင်းဖြစ်သည်။ လူစိမ်း၏ ချောင်းဆိုးလိုက်တဲ့ အငွေအသက် အထိအတွေ့ကို သူမ၏ ပါးပြင်က ခံစားလိုက်ရကြောင်း ရဲကိုတိုင်ကြားခဲ့ပါတယ်။

အဆိုပါအမှုကို လိုက်ပါစုံစမ်းနေသူ ရဲအရာရှိ ဆာဂျင် ဒေးဗစ် ဟမ်ဘလီ က ထိုလူ၏ အပြုအမူသည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ပြီး “ကျွန်တော်တို့ ဒီအမှုကို အမုန်းတရားနဲ့ ကျူးလွန်တဲ့ အမှုအဖြစ် သတ်မှတ်ပြီး စစ်ဆေးအရေးယူသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ဒီဖြစ်စဉ်ကြောင့် မျက်မမြင် အမျိုးသမီးကြီးမှာ လက်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သက်သည့် စိုးရိမ်ပူပန်များ၊ တုန်လှုပ်ထိတ်လန့်မှုများ ခံစားနေရပြီး အိမ်သို့ ချက်ခြင်းပြန်ကာ သူမ၏ မျက်နှာနဲ့ လက်တွေကို ဆေးကြောခဲ့ရကြောင်း SkyNews သတင်းတွင် ဖော်ပြထားသည်။


07 Apr 2020     2,168 Views




RELATED

Most Popular of Special or Others

Most Popular of NEWS