BEC-TERO TV

မလေးရှားတွင် အိမ်ယာမဲ့များအတွက် စနစ်တကျ နေစရာနေရာစီစဉ်ပေး

07 Apr 2020     1,957 Views


ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံအသီသီးက အာဏာပိုင်အစိုးရများ အစွမ်းကုန်ကြိုးစား အကောင်အထည် ဖော်လျှက်ရှိရာ မလေးရှားနိုင်ငံတွင်လည်း အိမ်ခြေယာခြေ နေစရာမဲ့သူများကို စနစ်တစ်ကျ သီးသန့်နေထိုင်နိုင်ရန် တစ်ယောက်စာ နေရာများကို မြို့နယ်ခန်းမများအတွင်း နေရာချထားပေးလျှက်ရှိသည်။

မလေးရှားသတင်းဌါန the Star online သတင်းအရ ပီတာလင်းဂျာယာ ရပ်ကွပ်ရှိ မြို့နယ်ခန်းမတွင် အိမ်ခြေယာခြေမရှိသူများ နေထိုင်နိုင်ရန် အိပ်ယာအပြည့်အစုံပါဝင်သော အခန်းဖွဲ့ အမိုးပွင့်ယာယီတဲငယ်များ နေရာချထားပေးကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီး Tan Sri Annuar Musa က အဆိုပါ ခန်းမများအတွင်း လာရောက်နေထိုင်သော သူများကို ခြုံစောင်များလည်း ထပ်မံဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ယက် တွစ်တာပေါ်ကနေ ရုပ်သံနဲ့တစ်ကွ တင်ပေးထားပါတယ်။

ယခုလို သီးသန့်တဲများနဲ့ မစီစဉ်ပေးမီက အိမ်ယာမဲ့များအတွက် ခန်းမကြီးထဲမှာ တစ်ဦးနှင့်တစ်ဦး တစ်မီတာ အကွာအဝေးမှာ နေထိုင်ရန် အိပ်ယာအပြည့်အစုံဖြင့် စီစဉ်ထားပေးခဲ့ကြောင်းလည်း သိရသည်။


07 Apr 2020     1,957 Views




RELATED

Most Popular of International News

Most Popular of NEWS