BEC-TERO TV

မလေးရှားတွင် သင်္ကြန်ကျခဲ့သူ မြန်မာအလုပ်သမား ၆၂ ဦး ဖမ်းဆီးခံရ (ရုပ်သံ)

14 Apr 2020     2,154 Views


မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် စီပန်းစီရင်စုတွင်ရှိသော လက်အိတ်စက်ရုံမှ မြန်မာအလုပ်သမား ၆၂ ဦးကို မလေးရှားရဲများက Covid-19 ထိန်းချုပ်ကန့်သတ်မှု ဥပဒေကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့ညက အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမားများ နေထိုင်ရာ အဆောင်ဝန်းအတွင်း စပီကာများဖြင့် သီချင်းများဖွင့်ကာ လူစုလူဝေးနဲ့ သင်္ကြန်ပွဲဆင်နွှဲနေခဲ့ကြပါတယ်။ သင်္ကြန်ပွဲဆင်နွှဲနေသည့် ရုပ်သံကို မြန်မာတစ်ဦးက Live လွှင့်ခဲ့ပြီးနောက် အဆိုပါရုပ်သံ ပြန့်နှံ့ကာ အာဏာပိုင်များထံသို့ သတင်းပေးတိုင်းကြားခဲ့ကြောင်း မလေးသတင်းဌါန Malay Mail တွင် ဖော်ပြပါရှိသည်။

ဧပြီလ ၁၃ ရက်နေ့မှာ စက်ရုံမှတာဝန်ရှိသူများနဲ့ ရဲအဖွဲ့တို့ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာအလုပ်သမား ၆၂ ဦးကိုဖမ်းဆီးခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


14 Apr 2020     2,154 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS