Tom & Jerry ကာတွန်းဇာတ်ကောင် ဖန်တီးသူ အသက် ၉၅ နှစ်တွင် ကွယ်လွန်
20 Apr 2020 2,003 Views

ကျွန်တော်တို့ ကလေးဘဝကတည်းက စွဲလန်းနှစ်ခြိုက်စွာ ကြည့်ရှုလာခဲ့တဲ့ တွမ်အန်ဂျယ်ရီ ကာတွန်းဇာတ်ကောင် ဖန်တီးရေးဆွဲသူ "Gene Deitch" ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ပါရာဂွေးရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

"Gene Deitch" ဟာ အင်နီမေးရှင်း ကာတွန်းဇာတ်လမ်းမှာ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖန်တီးသူ အန်နီမေတာ အော်စကာ ဆုရှင်ကြီးလည်း ဖြစ်ပါတယ်။
သူဟာ "Tom & Jerry" ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲ ၁၃ ခုကို ရေးဆွဲခဲ့သူဖြစ်သလို "Popeye & the Sailor" ကာတွန်းဇာတ်ကား အတော်များများကိုလည်း နောက်ကွယ်ကနေ ဖန်တီးပေးခဲ့တဲ့ အနုပညာရှင်ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်မှာ "Munro" ရုပ်ရှင်ကားတိုဖြင့် အကောင်းဆုံး အန်နီမေးရှင်း ထူးချွန်ဆု ရရှိခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာလည်း စတယ်လာရုပ်ရှင်အတွက် ဖန်တီးပေးထားတဲ့ "Nudnik" နှင့် "How to Avoid Frendship" ဇာတ်ကားတို့အတွက် အန်နီမေးရှင်း စကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီမတိုင်မီက "Tom Traffic" ဇာတ်လမ်းတွဲတွေကို ရေးဆွဲရိုက်ကူးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပူးတွဲထုတ်လုပ်သူအဖြစ် ရိုက်ကူးခဲ့တဲ့ "Sidney's Family Tree" ဇာတ်ကားက ၁၉၅၈ မှာ အကယ်ဒမီဆု စကာတင်စာရင်း ဝင်ခဲ့ဖူးပါသေးတယ်။

"Gene Deitch" ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ သူ၏ကာတွန်းဇာတ်ကောင်များကို စွဲလန်းနှစ်ခြိုက်ခဲ့ကြသူအပေါင်းက ဝမ်းနည်ကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေသားဖော်ပြနေကြပါတယ်။