BEC-TERO TV

ငယ်စဉ်ဘ၀က ဆိုးမိုက်ခဲ့တဲ့ နောက်ဆက်တွဲနောင်တတွေကို ပြောပြလာတဲ့ မင်းသားကြီးကျော်သူ

21 Apr 2020     1,469 Views


တစ်ချိန်က အနုပညာလောကမှာ ခပ်ဂေါ်ဂေါ်စတိုင်၊ ခပ်မိုက်မိုက်ပုံရိပ်တွေနဲ့ အမျိုးသမီးပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူ သရုပ်ဆောင်ပညာမှာထူးချွန်တာကြောင့် နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့သူ မင်းသားကြီးကျော်သူကတော့ လက်ရှိမှာ မြန်မာနိုင်ငံနာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်နေပြီး ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ငယ်ရွယ်စဉ်အချိန်က လူငယ်ဆိုတဲ့ဂုဏ်နဲ့ ဆိုးပေတေ မိုက်ခဲ့သမျှ အသက်ကြီးချိန်မှာ အများကောင်းကျိုးသယ်ပိုးရင်း ပြန်အဖတ်ဆယ်ရတာ အလွန်ပင်ပန်းလှတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ယနေ့ခေတ်လူငယ်တွေကို သူ့လိုမဖြစ်စေချင်ကြောင်းနဲ့ ငယ်ရွယ်စဉ်အချိန်ကတည်းက အများကောင်းကျိုးသယ်ပိုးပြီး ဘ၀ကိုအကျိုးရှိစွာနေထိုင်ကြဖို့ လူငယ်တွေကို ဆုံးမစကားပြောကြားလိုက်ပါတယ်။

ခပ်မိုက်မိုက်နဲ့ဂေါ်ခဲ့တဲ့ ငယ်ဘ၀ပုံရိပ်များနဲ့အတူ သူဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုယှဉ်ပြီး လူငယ်တွေကိုဆုံးမ

“မိုက် တယ်ကွာ...ဂေါ် တယ်ကွာ...ဟော့ တယ်ကွာ...လန်း တယ်ကွာ... လို့ ပြောနေမယ့်အစား
ငါ အဲဒီအရွယ်မှာ လူမှုကောင်းကျိုးဘာတွေများလုပ်ခဲ့လဲ? လက်ရှိ အချိန်မှာကော အများကောင်းကျိုးတွေလုပ်နေသလား? ဒါကို ပြန်ပြီးသုံးသပ်ပါ။ ငယ်ဘဝ ဆိုတာပြန်မရနိုင်ဘူး။
ငယ်ဘဝ ကထဲက စိတ်မလေဘဲ လူမှုကောင်းကျိုးတွေကို နိုင်သလောက်လုပ်ပေးခဲ့ရင် ကြီးဘဝမှာငြိမ်းချမ်းမှာ အသေအချာဘဲ။ ငယ်ဘဝ မှာ "လူငယ်" ဆိုတဲ့ ပညတ်ကိုခုတုံးလုပ်ပြီး ကဲချင်သလိုကဲ၊ ဆိုးချင်သလိုဆိုး၊ မိုက်ချင်သလိုမိုက်ခဲ့ကြရင်တော့ ကြီးလာတဲ့အချိန်ရောက်ရင် ကောင်းမှုတွေကိုပြန်အဖတ်ဆယ်ရတာ
မောပါ့ကွာ...မောပါ့။

 

ဒါဟာ....ငါ ပြန်မရနိုင်တော့တဲ့ငါ့ဘဝနဲ့ရင်းပြီး ခံစားခဲ့ရတဲ့ဖြစ်ရပ်ဟောင်းတွေ၊ လုပ်ရပ်ဟောင်းတွေရဲ့ပြစ်ချက်၊ ဆိုးချက်တွေပါ။ ဒါကို အထူး တိကျ သေချာ လေးနက်စွာ သင်ခန်းစာယူကြပါစို့ လူငယ်အပေါင်းတို့” ဆိုပြီး ရေးသားထားပါတယ်။

(ပိုပိုလေး)

 


21 Apr 2020     1,469 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment