BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ဆေးအသစ် မနက်ဖြန်တွင် လူသားတွင် ထိုးပြီး စမ်းသပ်မည်

22 Apr 2020     2,175 Views


ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့် အလားအလာရှိသော ဆေးတစ်မျိုးကို အောက်စ်ဖို့တက္ကသိုလ်မှ မနက်ဖြန်တွင် လူကိုထိုးသွင်းကာ စမ်းသပ်တော့မည်ဖြစ်သည်။ အကယ်၍ အဆိုပါထိုးဆေး စမ်းသပ်အောင်မြင်ခဲ့ပါက သန်းနဲ့ချီသော ဆေးများကို ယခုနှစ် စက်တင်ဘာလတွင် ရရှိနိုင်မည်ဖြစ်ကြောင်း အောက်စ်ဖို့အဖွဲ့သားများက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် Covid-19 အတည်ပြုလူနာပေါင်း ၁၁၇,၀၀၀ ရှိနေပြီး နောက်ထပ် လူပေါင်း ၂,၅၆၁,၀၀၀ က သူတို့ရဲ့ ကံကြမ္မာအဆုံးအဖြတ်ကို စောင့်စားနေကြရသည်။ အဆိုပါ ကပ်ဆိုးကြီးကြောင့် နိုင်ငံတစ်ကာတွင် စီးပွားရေးလုပ်ငန်းများ ပျက်ဆီးဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နေရသည်။

အောက်စ်ဖို့တက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာ အတွင်းရေးမှူး ‘မတ်ဟန်းကော့ခ်’ သတင်းစာရှင်းလင်းပွဲတွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ အင်ပီရီရယ်လ်ကောလိပ် လန်ဒန်တို့မှ ပူးပေါင်းစမ်းသပ်နေသော စမ်းသပ်မှုများကို အစိုးရအနေနဲ့ သန်းနဲ့ချီသော ငွေများပံ့ပိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆေးအသစ်တစ်ခု ဖော်စပ်ရာတွင် ပုံမှန်အားဖြင့် ၁၈ လကနေအထက် ကြာမြင့်နိုင်သော်လည်း ပရော်ဖက်ဆာ ဆယ်ရာဂေးလ်ဘတ် ဦးဆောင်တဲ့ အောက်စ်ဖို့သုတေသနအဖွဲ့က လက်ရှိစမ်းသပ်နေသည့် ဆေးအသစ်အပေါ်တွင် များစွာမျှော်လင့်ထားပြီး အများအပြားထုတ်လုပ်ရန်လည်း ရည်ရွယ်ထားကြောင်း Independent သတင်းတွင်ဖော်ပြထားသည်။

မနက်ဖြန် စမ်းသပ်မည့် Covid-19 ဆေးများ အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


22 Apr 2020     2,175 Views




RELATED

Most Popular of International News

Most Popular of NEWS