BEC-TERO TV

Lockdown ကာလအတွင်း ဟိုတယ်မှာ အတူနေမိတဲ့ရည်းစားစုံတွဲ ကြိမ်ဒဏ်အပြစ်ပေးခံရ

23 Apr 2020     1,882 Views


အင်ဒိုနီးရှားနိုင်ငံတွင် Covid-19 ကာလ Lockdown ချထားစဉ်အတွင်း ဘာသာရေးဥပဒေချိုးဖောက်သူ (၆)ဦးကို ကြိမ်ဒဏ်ရိုက်ပြီး အပြစ်ပေးခဲ့ရာ ထိုသူများထဲတွင် ဟိုတယ်အခန်းတစ်ခု၌ လက်မထပ်ရသေးပဲ အတူနေကြသော စုံတွဲတစ်တွဲလည်း ပါဝင်ခဲ့သည်။

အာချေးစီရင်စုတွင် ဘာသာရေးဥပဒေအရ ကြိမ်ဒဏ်ပေးပွဲကို ဧပြီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဘာသာရေးရဲအချို့က ဥပဒေချိုးဖောက်ခဲ့သူများကို ကြိမ်ဖြင့်ရိုက်နှက်ခဲ့ကြသည်ကို ဓါတ်ပုံများတွင် တွေ့မြင်ရသည်။

လက်မထပ်ရသေးပဲ အတူနေတဲ့ စုံတွဲအပါအဝင် အခြားလူ ၄ ဦးကိုလည်း အရေက်သောက်မှုဖြင့် ကြိမ်ဒဏ် အချက် ၄၀ စီ ပြစ်ဒဏ်ပေး ရိုက်နှက်ခဲ့ကြသည်။

ပြစ်ဒဏ်ပေးပွဲကို ထုံးစံအတိုင်း လူမြင်ကွင်းမှာ ပြုလုပ်ခဲ့သော်လည်း Lockdown ကာလဖြစ်သဖြင့် လူအနည်းငယ်သာ လာရောက်ကြည့်ရှုကြသည်ကို ရုပ်သံတွင် မြင်တွေ့ရသည်။ ပရိသတ်အချို့မှာ မှာခေါင်းစည်းများ တပ်ဆင်ထားကြတာကိုတွေ့ရသည်။

ကြိမ်ဖြင့်ရိုက်နှက်ခံရသူများကို ပြစ်ဒဏ်ပေးအပြီးတွင် ဆေးအဖွဲ့က အသင့်စောင့်ဆိုင်းကာ ဆေးထည့်ပေးခဲ့ကြပါတယ်။

“အခုလိုအခြေနေမျိုးမှာ ကျွန်တော်တို့ အရေးမကြီးတဲ့ လုပ်ငန်းစဉ်အဆင့်တွေကို ချန်လှပ်ထားခဲ့ပါတယ်၊ ဥပမာ မိန့်ခွန်းပြောတာမျိုးပါ။ ကြိမ်ဒဏ်ပေးတဲ့ အဆင့်ကိုပဲ တိုက်ရိုက်လုပ်ဆောင်သွားပါမယ်”

“ကြိမ်ဒဏ်အပြစ်ပေးတဲ့ကိစ္စကတော့ ရပ်မသွားပါဘူး ဒါပေမယ့် သက်ဆိုင်တဲ့ လူအနည်းစုနဲ့ပဲ လုပ်ဆောင်သွားမှာပါ” ဟု ဒေသခံ အာဏာပိုင်များက ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အာချေးစီရင်စု တစ်ခုတည်းသာလျှင် ဘာသာရေးဥပဒေ ရှာရီဟာဥပဒေကို ဆက်လက်လိုက်နာနေဆဲဖြစ်ပြီး စီရင်စုအတွင်း နေထိုင်သူ ၉၈% က မွတ်ဆလင်ဘာသာဝင်များဖြစ်သည်။

အရက်သောက်ခဲ့မှုကြောင့် ကြိမ်ဒဏ်အပြစ်ပေးခဲ့ရသူတစ်ဦးက “ကျွန်တော်အခု အရိုက်ခံပြီးသွားပြီဆိုတော့ လွပ်လပ်တဲ့သူဖြစ်သွားပြီ၊ ထောင်ကျမယ်ဆိုရင်တောင် ထောင်ထဲမှာ နေရမှာ ပျင်းစရာကြီး” ဟု ဆိုပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ Lockdown ချထားမှုကို တင်းကြပ်ထားပြီး သမ္မတ ဂျိုကိုဝီဝီ ကိုယ်တိုင် လှုပ်ရှားသွားလာမှုတွေကို၊ အထူးသဖြင့် Covid-19 အဓိက ပင်မနေရာတွေဖြစ်တဲ့ ဂျာကာတာနဲ့ ဆူမားထရားမြောက်ပိုင်းတို့မှာ သေချာထိန်းသိမ်းပြီး ကန့်သတ်ဖို့၊ ကြေညာချက်ထုတ်ပြန်ထားပါတယ်။


23 Apr 2020     1,882 Views




RELATED

Most Popular of International News

Most Popular of NEWS