ဖိလစ်ပိုင်တွင် Lockdown ကာလကို မေလ ၁၅ ရက်နေ့ထိ ထပ်မံတိုးမြှင့်
24 Apr 2020 1,531 Views

ဖိလစ်ပိုင်သမ္မတ ဒူတာတေး က မြို့တော် မနီလာတွင် Lockdown ကာလအား မေလ ၁၅ ရက်နေ့ထိ တိုးမြှင့်လိုက်ကြောင်း ဧပြီ ၂၄ ရက် သောကြာနေ့တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Harry Roque က ပြောကြားလိုက်သည်။
ယခုထုတ်ပြန်ကြေညာချက်ကို Covid-19 အဓိကပြန့်နှံ့နေသည့် အခြားမြို့များတွင်ပါ ကျင်းသုံးသွားမည်ဖြစ်သော်လည်း အန္တရာယ်ရှိနိုင်မှု နည်းပါးသည့် နေရာများတွင် အလုပ်သွားတက်ခွင့်၊ ကူးသန်းသွားလာခွင့်နှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်ခွင့်ကို အတိုင်းအတာ အကန့်အသန့်ဖြင့် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း Harry Roque က သတင်းထောက်များကို ပြောကြားခဲ့သည်။
သောကြာနေ့က ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့သော ကပ်ရောဂါဆိုင်ရာ ဆွေးနွေးပွဲတွင် Lockdown အစီစဉ်အား သမ္မတက အစောပိုင်းရက်များကတည်းက ဆုံးဖြတ်ခဲ့ပြီး Covid-19 အတွက် ကာကွယ်ဆေး တီထွင်နိုင်သူအား ဖိလစ်ပိုင်ငွေကြေး ပီဆို သန်း ၅၀ ဆုချီးမြှင့်မည်ဟု ပြောကြားခဲ့သည်။
မြို့တော် မနီလာ မှာနေထိုင်သူ အနည်းဆုံးလူဦးရေ ၁၃ သန်းရှိသည့်အတွက် ပြည့်ကြပ်နေပြီး ထိုသူများထဲတွင် နေရာအတည်အကျ နေထိုင်နိုင်ခြင်းမရှိသူများ သန်းပေါင်းများစွာ ရှိနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Covid-19 ကူးစက်ခံထားရသူ အရေအတွက် သုံးပုံနှစ်ပုံ ၆.၉၈၁ ဦး ရှိနေပြီး ၄၆၂ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့ပြီးလျှင် စပိန်နိုင်ငံထက် ရက်အနည်းငယ်စောစွာ ဖိလစ်ပိုင်နိုင်ငံက တင်းကြပ်သည့် Lockdown နှင့် အိမ်တွင်နေထိုင်ကြရန် အမိန့်ထုတ်သော တတိယနိုင်ငံ ဖြစ်လာခဲ့သည်။
နိုင်ငံအတွင်းမှာ ရောဂါပြန့်ပွားမှုများ ဖြစ်ပေါ်ပြီး ၅ ရက်အကြာ မတ်လ ၁၂ ရက်နေ့တွင် လူအများစုဝေးခြင်း၊ ခရီးသားလာခြင်း၊ စီးပွားရေးလုပ်ငန်းများနဲ့ ပြည်တွင်းပြည်ပ အဝင်အထွက်များအားလုံးကို တားမြစ်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။