BEC-TERO TV

အရေးပေါ်အသုံးပြုနိုင်မည့် Covid-19 ဆေး စက်တင်ဘာလတွင် ရမည်ဟု တရုတ်ပြော

24 Apr 2020     1,585 Views


တရုတ်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို မှ အကြီးအကဲဖြစ်သူ Dr Gao Fu က Covid-19 အတွက် အရေးပေါ်အသုံးပြုနိုင်မည့် ကာကွယ်ဆေးတစ်မျိုးကို လာမည် စက်တင်ဘာလတွင် အဆင်သင့်အနေအထားရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

နိုင်ငံတော်၏ သတင်းမီဒီယာဖြစ်သည့် CGTN နဲ့ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ဆက်သွယ်မေးမြန်းချက်တွင် Dr Gao Fu က ဒီဆေးကို အရေးကြီးတဲ့သူတွေဖြစ်တဲ့ ကျန်မာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေအတွက် အရေးပေါ်အသုံးပြုနိုင်ဖို့ ရနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒီကာကွယ်ဆေးက ကျန်းမာရေးကောင်းနေတဲ့ လူတွေမှာ အသုံးပြုသွားမှာပါ၊ ဒီဆေးထိုးလိုက်ရင် ဘေးအန္တရာယ်ကင်းသွားပြီလားဆိုတာ သေချာချင်မှာပါ၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလို မသေချာမရေရာတဲ့ စကားမျိုးကို လိုချင်ကြမှာ မဟုတ်ပါဘူး၊ ဒီဆေးဟာ ကောင်းကောင်းကြီး အလုပ်လုပ်တယ်၊ ကာကွယ်နိုင်တာမျိုးပဲ ဖြစ်ချင်ကြမှာပါ”

“ကျွန်တော်တို့ ရှေးတန်းကနေ ကာကွယ်ဆေး ဖော်စပ်မှုကို ကြိုးစားနေပါတယ်၊ စက်တင်ဘာလလောက် ဖြစ်ကောင်းဖြစ်မှာပါ၊ ဒီဆေးကို အရေးပေါ် အခြေအနေတွေမှာ သုံးမှာဖြစ်ပါတယ်”

“ဥပမာအနေနဲ့ ဘယ်လိုမျိုးလဲဆိုရင် ဗိုင်းရပ်စ် တဖန်ပြန့်နှံ့တာမျိုးပါ၊ လက်ရှိမှာ ဆေးက စမ်းသပ်မှု အဆင့်နှစ် ဒါမှမဟုတ် အဆင့်သုံး ကိုရောက်နေပါပြီ၊ ဒီဆေးကို ကျန်းမာရေးဝန်ထမ်းတွေလို ဦးစားပေးရမယ့် လူအုပ်စုမှာ အသုံးပြုပါမယ်”

“အားလုံးဟာ လက်ရှိ ကြိုးစားနေတဲ့ အခြေအနေအပေါ် မူတည်ပါတယ်၊ နောက်နှစ်အစောပိုင်းမှာ ကျန်းမာရေးကောင်းတဲ့လူတွေအတွက် ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“လောလောဆယ် တရုတ်မှာ ဆေးအသစ်စမ်းသပ်နေတာဆိုလို့ အဖွဲ့နှစ်ဖွဲ့ပဲရှိတယ်၊ သူတို့တွေရဲ့ စမ်းသပ်မှုအနေအထားက အဆင့်နှစ်လောက်ကို ရောက်နေပါပြီ” ဟု ပြောဆိုခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ဆေးသိပ္ပံပညာရှင်တွေကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြိုးစား တီထွင်ဖော်စပ်နေကြပါတယ်၊ လက်ရှိမှာတော့ ဆေးအမျိုးပေါင်း ၁၅၀ ကျော်ကို စမ်းသပ်တီထွင်နေကြပါတယ်။

လက်တလောမှာတော့ အောက်စ်ဖို့တက္ကသိုလ်က Covid-19 အတွက် ၈၀% မျှော်လင့်ချက်ထားနိုင်သည့် ဆေးတစ်မျိုးကို မနေ့ကစပြီး လူတွေမှာ ထိုးပြီး စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။


24 Apr 2020     1,585 Views




RELATED

Most Popular of International News

Most Popular of NEWS