BEC-TERO TV

အားကစားရုံတွေပိတ်ပြီး အလုပ်မရှိလို့ ဒူးရင်းသီးရောင်းနေရတဲ့ ကိုယ်ကာယနည်းပြများ

26 Apr 2020     2,117 Views


Covid-19 ကြောင့် ယာယီပိတ်ထားဖို့ ညွှန်ကြားခံထားရတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ အပမ်းဖြေစခန်း ဇိမ်ခံဟိုတယ်တွေလည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံ ဇိမ်ခံဟိုတယ်တစ်ခုရဲ့ အားကစားခန်းမမှာ အလုပ်လုပ်နေတဲ့ ကိုယ်ကာယဆရာတွေဟာ ဟိုတယ် ပိတ်ထားတာကြောင့် အလုပ်အကိုင်မရှိဖြစ်နေခဲ့ပါတယ်။

ဒီအခြေအနေကို ဒူးရင်းသီးဆိုင်ပိုင်ရှင် တစ်ယောက်က ကောင်းကောင်းအသုံးချပြီး သူတို့နှစ်ယောက်ကို အရောင်းဝန်ထမ်းအဖြစ်ခန့်အပ်လိုက်ပါတယ်။ သူတို့နှစ်ယောက် ဒူးရင်းသီးတွေကြားမှာ အလုပ်တွေလုပ်နေတဲ့ ပုံရိပ်တွေ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပြီး ဆိုင်လည်းရောင်းအား တက်လာခဲ့ပါတယ်။

ဒါဟာ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိတဲ့ အနေအထားဖြစ်ပြီး ဟိုတယ်ထဲမှာပဲ လူမသိသူမသိ တစ်ချိန်လုံးနေခဲ့ရတဲ့ နည်းပြဆရာတွေဟာ အခုဆိုရင် ထိုင်းပျိုမေတွေကြားမှာ ရေပန်းစားလို့ ဒူရင်းသီမကြိုက်တဲ့ မမတွေတောင် ဒူးရင်းသီးကို စမ်းစားကြည့်ချင်လာပြီဆိုတဲ့ ကွန်မန့်တွေနဲ့ ပလူပျံနေခဲ့တာကို တွေ့ရပါတယ်။


26 Apr 2020     2,117 Views




RELATED

Most Popular of Special or Others

Most Popular of NEWS