BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆ လသမီးလေး ကျန်းမာရေးပြန်လည်ကောင်းမွန်

27 Apr 2020     1,951 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ခံထားရတဲ့ အင်္ဂလန်နိုင်ငံက ၆ လသားအရွယ် သမီးလေး ဆေးရုံပေါ်မှာ နှစ်ပတ်ကြာကုသမှုခံယူပြီးနောက် ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

“အယ်ရင်” ဆိုသူ ၆ လအရွယ် သမီးလေးဟာ Covid-19 positive ပြနေခဲ့တာကြောင့် ဧပြီလ ၁၀ ရက်နေ့က လစ်ဗာပူးလ်မြို့ရှိ အယ်လ်ဒါဟေး ဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ ဆေးရုံပေါ်မှာ သူမကိုမြင်ခဲ့ရတဲ့ မြင်ကွင်းက စိတ်ချမ်းသာစရာမကောင်းပါဘူး။ ကုသရေးပစ္စည်းစက်တွေ ဝိုင်းနေတဲ့ကြားမှာ ဝါယာကြိုးတွေ၊ အောက်ဆီဂျင်ပိုက် အသက်ရှုစက်တွေနဲ့ အရွယ်နဲ့မမျှအောင် နာမကျန်းဖြစ်တဲ့ ဒဏ်ကို ခံစားခဲ့ရပါတယ်။

“အယ်ရင်” ဟာ မွေးကာစတုန်းကလည်း မွေးပြီးသိပ်မကြာခင်မှာပင် အသက်ရှုလမ်းကြောင်း ပြဿနာကြောင့် နှလုံးခွဲစိတ်မှု ခံယူခဲ့ရပါသေးတယ်။

ဧပြီလ ၂၇ ရက် (ဒီနေ့)မှာတော့ နှစ်ပတ်ကြာ ဆေးရုံသီးသန့်အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့တာကြောင့် သီးသန့်အခန်းကနေ ပြန်ထွက်လာခဲ့နိုင်ပါပြီ။ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက “အယ်ရင်” အတွက် လက်ခုတ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ကလေးဟာ ဆေးရုံပေါ်မှာပဲ ကျန်းမာရေးစစ်ဆေးစောင့်ကြည့်မှုတွေကို နောက်ထပ်ရက်အနည်းငယ် ကုသမှုခွယူရဦးမှာဖြစ်ပါတယ်။ “အယ်ရင်” ရဲ့ မိဘတွေဖြစ်တဲ့ ‘အယ်မာ’(မိခင်) နဲ့ ‘ဝိန်း’(ဖခင်) တို့က ဆေးရုံက ဝန်ထမ်းတွေအားလုံးကို ထာဝရကျေးဇူတင်နေမှာပါလို့ ပြောကြားခဲ့ပါတယ်။


27 Apr 2020     1,951 Views




RELATED

Most Popular of International News

Most Popular of NEWS