BEC-TERO TV

ရန်ကုန်သို့လာရောက်မည့် MV Logos Hope စာအုပ်သင်္ဘောကြီး

22 Sep 2015     1,436 Views


            MV Logos Hope သင်္ဘောကြီးဟာ ရန်ကုန်မြို့ရှိ အလုံအပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်ကမ်းတွင် အောက်တိုဘာလ ၂ရက်နေ့မှ ၁၅ရက်နေ့အထိ ဆိုက်ကပ်ထားမည်ဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အထိ မနက် ၁၀နာရီမှ ညနေ ၆နာရီအထိ၊ တနင်္ဂနွေနေ့မှာ နေ့လည် ၁နာရီမှ ညနေ ၆နာရီအထိ စာဖတ်ပရိတ်သတ်များ လေ့လာနိုင်ရန် ဖွင့်လှစ်ထားပေးမှာဖြစ်ပါတယ်။

            MV Logos Hope သင်္ဘောကြီးကို ဂျာမနီနိုင်ငံအခြေစိုက် GBA ships ( သို့ ) Non-profit အဖွဲ့အစည်း                  တစ်ခုမှတည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းသို့ အသိပညာ၊ အကူအညီ နှင့် မျှော်လင့်ချက်များ ယူဆောင်လာပေးရန်ရည်ရွယ်ပါတယ်။ ၁၉၇၀ခုနှစ်မှစတင်ကာ စာအုပ်သင်္ဘောအဖြစ် နိုင်ငံပေါင်း ၁၅၀၊ ဆိပ်ကမ်းပေါင်း ၁,၄၀၀ခု သို့သွားရောက်ခဲ့ပြီး စာဖတ်ပရိတ်သတ်ပေါင်း ၄၄သန်းကျော်လာရောက် အားပေးခဲ့ ပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက် (Bringing Knowledge, Bringing Help, Bringing Hope) တွေကတော့ -

အသိပညာများယူဆောင်လာခြင်း

MV Logos Hope စာအုပ်သင်္ဘောသည် နိုင်ငံပေါင်း ၁၅၀ကျော်ကိုသွားရောက်ခဲ့ပြီးသည့်နောက် သင်္ဘောပေါ်သို့ စာဖတ်ပရိတ်သတ်ပေါင်း ၄၄သန်းကျော် လာရောက်လေ့လာခဲ့ပါတယ်။ လာရောက်ခဲ့တဲ့ စာဖတ်ပရိတ်သတ်များ ထဲမှ လူအနည်းစုအတွက် MV Logos Hope သင်္ဘောဟာ သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ် အရည်အသွေးကောင်းမွန်တဲ့ အသိပညာပေးစာအုပ်များဝယ်ယူနိုင်တဲ့ ရေပေါ်စာကြည့်တိုက် ( သို့ ) စာအုပ်ပြပွဲ ဖြစ်လာခဲ့ပါတယ်။ ကိုယ်ပိုင်လေ့လာရန်အသိပညာပေးစာအုပ်များ၊ အနာဂတ်ပညာရေးအတွက်စာအုပ်များ၊ မိမိ၏အိပ်မက်၊ မိမိ၏အသက်မွေးဝမ်းကျောင်းအတွက် သိထားသင့်သော လေ့လာရမည့် စာအုပ်အမည်ပေါင်း ၅ထောင် ကျော်ထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကလေးများအတွက်အထူးရည်ရွယ်ကာ ထားရှိတဲ့ ကလေးစာအုပ်စင်ကဏ္ဍလည်း ရှိပါတယ်။  MV Logos Hope သင်္ဘောပေါ်မှာ မိသားစုတစ်စုလုံးအတွက် အသက်အရွယ်အလိုက်ဖတ်နိုင်မည့် စာအုပ်အမျိုးအစားစုံလင်စွာပါရှိပါတယ်။

အကူအညီများယူဆောင်လာခြင်း

ဆိပ်ကမ်းတစ်ခုမှတစ်ခုခရီးနှင်ရာမှ နိုင်ငံအများရှိပြည်သူတွေရဲ့အဓိလိုအပ်ချက်များကို တွေ့ကြုံသိရှိခဲ့ရပါတယ်။ ထိုသူများအတွက် အထောက်အပံ့များပေးလှူခြင်း၊ အိမ်ဆောက်ပေးခြင်း နှင့်သူတို့အခက်အခဲများကို နားထောင်ပေးခြင်းတို့သည် သင်္ဘောအဖွဲ့သားများအတွက် အထူးအခွင့်အရေးနှင့် အထူးတာဝန်ပင်ဖြစ်ပါတယ်။ သွားရောက်သောဆိပ်ကမ်း (သို့) နိုင်ငံပေါ်မူတည်ကာ လိုအပ်မည့်အထောက်အပံ့ပစ္စည်းများပေးခြင်းဖြင့် ခဏတာကူညီမှုမျိုးသာမဟုတ်ပဲ ရေရှည်တွင် ထိုသူတို့ အကျိုးဖြစ်စေရန် ရည်ရွယ်ကာ ပညာသင်ကြားပေးခြင်း၊ အသိပညာပေးခြင်းများကိုပါ ပူးတွဲလုပ်ဆောင်လျှက်ရှိပါတယ်။

မျှော်လင့်ချက်များယူဆောင်လာခြင်း

လူတစ်ဦးတစ်ယောက်စီတိုင်းမှာ မိမိဘ၀အတွက် မျှော်လင့်ချက်နဲ့ရည်ရွယ်ချက်ရှိပါတယ်။ အခြားသူများ၏မျှော်လင့်ချက်၊ ရည်ရွယ်ချက်ပေါ်မူတည်ကာ ၄၅နိုင်ငံမှ  သင်္ဘောအဖွဲ့သားပေါင်း ၄၀၀ဦး မှ ၀န်ဆောင်မှုများပေးနေပါတယ်။ သင်္ဘောအဖွဲ့သားများမှ ၄င်းတို့ရဲ့ ကွဲပြားသော်လည်းစည်းလုံးမှုရှိခြင်း၊ တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံခြင်း၊ နားလည်မှုရှိခြင်း စသောမိမိတို့ရဲ့ အမူအကျင့်များအားဖြင့် လာရောက်လေ့လာသူများကို မျှော်လင့်ချက်ပေးလျက်ရှိပါတယ်။ သင်္ဘောပေါ်ရှိ အဖွဲ့သား တစ်ဦးတစ်ယောက်စီတိုင်းတွင် ၄င်းတို့ဘ၀အား မျှော်လင့်ချက်နှင့် ရည်ရွယ်ချက်ဖြစ်စေခဲ့သည့် စိတ်ခွန်အား၊ တွန်းအားများအကြောင်းကို ပြောပြရန် အသင့်ရှိနေပါတယ်။ သူတို့အတွေ့အကြုံ၊ သူတို့မျှော်လင့်ချက်များဖြင့် ဆိပ်ကမ်းတစ်ခုမှတစ်ခု သွားရောက်ကာ စိတ်ဓာတ်ခွန်အားပေးလျက်ရှိပါတယ်။

 

 


22 Sep 2015     1,436 Views




RELATED

Most Popular of Special or Others

Most Popular of NEWS