BEC-TERO TV

အွန်လိုင်းက မှာလိုက်တဲ့ နားကြပ်က ကိုယ့်ခေါင်းထက်ကြီးနေသောအခါ

04 May 2020     1,868 Views


အွန်းလိုင်းပေါ်ကနေ ဈေးဝယ်လေ့ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးတဲ့ အဖြစ်ကြောင့် ငိုအားထက်ရယ်အား သန်ခဲ့ရပါတယ်။

ဒူဘိုင်းမှာနေထိုင်တဲ့ ‘Aleezay’ ဆိုသူက အမေဇုံ အွန်လိုင်းစတိုးကနေ Apple ရဲ့ နားကြပ်ပုံစံတူ ဈေးသက်သာတဲ့ AirPods အတုတစ်ခုကို အမေရိကန်ဒေါ်လာ ၆၂ နဲ့ မှာယူခဲ့ပါတယ်။ Apple AirPods အစစ်က ဒေါ်လာ ၁၇၀ လောက်ရှိတဲ့အတွက် ဈေးသက်သာပြီး ပုံစံတူတဲ့ နားကြပ်ကို မှာယူခဲ့တာပါ။ သူမဟု ခါတိုင်းလည်း အမေဇုံကနေ ပေါ့ချောင်ကောင်း ပစ္စည်းလေးတွေကို ဝယ်ယူတတ်သူမို့ စိတ်ချလက်ချပဲ ဝယ်ခဲ့ပါတယ်။

ပစ္စည်းရောက်လာတဲ့နေ့မှာ ဗူးခွံက အတော်အတန်ကြီးမားနေလို့ အနည်းငယ် ထူးဆန်းနေပါတယ်။ အဲဒီနောက် ပါကင်ဖွင့်ဖောက်ခဲ့ရာမှာ ဗူးထဲက ထွက်လာတဲ့ AirPods တစ်စုံကြောင့် လန့်ဖြန့်ပြီး ငိုအားထက် ရယ်အား သန်ခဲ့ရပါတယ်။

AirPods ဟာ အကြီးစားကြီးဖြစ်နေပြီး သူမရဲ့ လက်တစ်ဖက်စာလောက် ကြီးမားရှည်လျှားပါတယ်။ ဒီအကြောင်းကို သူမရဲ့ တွစ်တာပေါ်မှာ ဓါတ်ပုံနဲ့တစ်ကွ တင်လိုက်ရာမှာ ဝင်ရောက်ရေးသားသူတွေ၊ ပြန်လည်ဝေမျှသူတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

“အမေဇုံက ဈေးမကြီးတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းတွေရောင်းတတ်တာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ဒီတစ်ခုကတော့ တစ်ကယ်လက်လန်တယ်” လို့ ရေးသားခဲ့ပါတယ်။

ဝင်ရောက်ရေးသားသူအချို့က ဒီနားကြပ်က လူမှာတပ်ဖို့လား ဆင်တပ်ဖို့လား မသဲကွဲဘူးလို့ ရေးသားထားကြပါတယ်။


04 May 2020     1,868 Views




RELATED

Most Popular of Special or Others

Most Popular of NEWS