BEC-TERO TV

စပိုက်ဒါမန်းလို ကစားတဲ့ ညီအစ်ကိုနှစ်ယောက် ၁၁ လွှာမှ ပြုတ်ကျသေဆုံး

05 May 2020     1,402 Views


ဟီးရိုးရုပ်ရှင်တွေထဲက စပိုက်ဒါမန်းကို အားကျတဲ့ ကလေးနှစ်ဦးဟာ အထပ်မြင့်နေအိမ် ၁၁ လွှာကနေ ၂၅ စက္ကန့်စီခြားကာ အောက်ကိုပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့က အသက် ၁၀ နှစ်နဲ့ ၇ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးဟာ Covid-19 ကြောင့် သီတင်းပတ် ၅ ပတ်ကျော် lockdown ထားခံရစဉ်အတွင်း နေအိမ်ပြတင်းပေါက်အပြင်ထွက်ကာ စပိုက်ဒါမန်းလို ကစားကျရင်းက တွဲလောင်းခိုလျှက် မတောင့်ထားနိုင်ပဲ တိုက်အောက်ကို ရှေ့ဆင့်နောက်ဆင့် ပြုတ်ကျပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ကလေးနှစ်ဦး ဆော့ကစားပြီး တိုက်အောက် ပြုတ်ကျသွားစဉ် ၄၁ နှစ်အရွယ် မိခင်နဲ့ အသက် ၁၂ နှစ်အရွယ် အစ်မဖြစ်သူတို့မှာ အခြားအခန်းတစ်ခုတွင် အတူတူရှိနေကြချိန်ဖြစ်ပါတယ်။

အဲဒီမတိုင်မီ ၁၀ မိနစ်ခန့်က ညီအစ်ကိုနှစ်ဦးဟာ အတူတူဆော့ကြမယ်လို့ သူ့အမေကို ပြောခဲ့ပါတယ်၊ အခင်းဖြစ်ပွားချိန်မှာ ကလေးတွေရဲ့ဖခင် အသက် ၄၄ နှစ်အရွယ် ကလေးအဝတ်အစားအင်္ကျီဆိုင်ဖွင့်ထားသူက နေအိမ်မှာ ရှိမနေခဲ့ပါဘူး။ ‘အိုင်ဗန်’(၁၀)နှစ် နဲ့ ‘စတက်ဖန်’(၇)နှစ်တို့ ညီအစ်ကိုနှစ်ယောက်စလုံးဟာ ရုရှားနိုင်ငံမှာ နာမည်ကျော်တဲ့ အကသင်တန်းကျောင်းကို တက်နေကြတဲ့ ကလေးတွေဖြစ်ပြီး အကလည်းတော်ကြောင်း သိရပါတယ်။

အာဏာပိုင်တွေက ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။ ရုရှားနိုင်ငံဟာ မတ်လ ၂၈ ရက်နေ့ကတည်းက lockdown ချထားပြီး ထပ်တိုးအဖြစ် မေလ ၁၁ ရက်နေ့ထိ သတ်မှတ်ထားပါတယ်။ ထိုအတောအတွင်းမှာ မည်သူမျှ အိမ်ပြင်ထွက်ခွင့်မရကြပဲ ကလေးတွေလည်း ကစားကွင်းမှာ ကစားခွင့်မရခဲ့ကြပါဘူး။

လက်ရှိအချိန်ထိ ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်’ ၁၄၅,၂၆၈ ရှိပြီး ၁,၃၅၆ ဦး သေဆုံးခဲ့ပြီဖြစ်သည်။


05 May 2020     1,402 Views




RELATED

Most Popular of Special or Others

Most Popular of NEWS