BEC-TERO TV

ထိုင်းစစ်တပ်က ကျေးလက်နေပြည်သူများအား အိမ်အရောက် ဆံပင်လိုက်ညှပ်ပေး

05 May 2020     1,882 Views


ထိုင်းသံချပ်ကာတပ်ရင်း(၁၅) မှ ကျွမ်းကျင်ဆံသဆရာများကို စုစည်းကာ အထူးအဖွဲ့ဖွဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ ဆံပင်ညှပ်ပေးခြင်းဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်သည်။

ထိုအဖွဲ့ကို “ဆံသဆက်သား” အဖွဲ့ဟု အမည်တပ်ထားကြောင်း သံချပ်ကာတပ်မှူး လက်ဖတက်နင် ကာနယ် ‘ဘန်ဟစ်ချအိုခညား’ က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆက်သားအဖွဲ့ကို မောင်၊ ဝိတ်ဆာ၊ နာနွိုင်၊ နာမူအန်နှင့် မဲ့ချရင် စီရင်စုတို့ကို အဖွဲ့ခွဲစေလွှတ်ပြီး တာဝန်ပေးထားပါတယ်။ ယင်းဒေသတွေမှာ Covid-19 ကြောင့် ဆံပင်ညှပ်ဆိုင်တွေ ပိတ်ထားရတဲ့အတွက် လူအတော်များများက ဆံပင်အရှည်တွေ ဖြစ်နေခြင်းကြောင့် အခုလိုစီစဉ်ရခြင်းဖြစ်ပါတယ်။

အစိမ်းရောင် အကာအကွယ်အပြည့်ဝတ်စုံ ဝတ်ဆင်ထားကြတဲ့ “ဆံသဆက်သား” တွေဟာ မော်တော်ဆိုင်ကယ်ကိုယ်စီနဲ့ ရောက်ပေါက်ရန်ခက်ခဲလှသော အလှမ်းဝေးသည့် နေရာများကို ဆံပင်ညှပ်မည့် ပစ္စည်းအပြည့်အစုံထည့်ထားသော သေတ္တာတစ်လုံးနဲ့ လှည့်လည် ဆံပင်ညှပ်ပေးကြမှာဖြစ်ပါတယ်။

ထိုအစီစဉ်နဲ့ပက်သက်ပြီး ပြည်သူတွေဘက်က ကျေနပ်မှုအပြည့်နဲ့ ထောက်ခံမှုတွေ ရထားကြောင်း တပ်မှူးက ဆိုပါတယ်။ အခမဲ့ ဆံပင်ညှပ်ခွင့်ရကြတဲ့ အတွက် လူအတော်များများက ကျေနပ်ပျော်ရွှင်နေကြကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။


05 May 2020     1,882 Views




RELATED

Most Popular of International News

Most Popular of NEWS