BEC-TERO TV

အိန္ဒိယတွင် ရာနဲ့ချီသော ရဲတပ်ဖွဲ့ဝင်များ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ

07 May 2020     1,661 Views


အိန္ဒိယနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များအား ဆေးစစ်မှုများပြုလုပ်ရာတွင်  ရာနဲ့ချီသော ရဲဝန်ထမ်းများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

အိန္ဒိယပြည်သူ ၁.၃ ဘီလီယံအား နေအိမ်များတွင် နေထိုင်ကြရန် ရဲတပ်ဖွဲ့ဝင် အင်အား ၃ သန်းခန့်က တစ်နိုင်ငံလုံးတွင် ကြပ်ကြပ်မတ်မတ်နဲ့ ဖိအားပေးလုပ်ဆောင်နေကြပါတယ်။ အစေားပိုင်းကာလက ရုပ်သံသတင်းများတွင် Covid-19 အရ လိုက်နာရမည့် အချက်များကို မထီမဲ့မြင်ပြုကာ မိမိတို့၏ နေရပ်ရွာများသို့ ပြန်ရန် ဘတ်စ်ကားများပေါ်သို့ တိုးဝှေ့တက်ကြသော ရွေ့ပြောင်းအလုပ်သမားများနဲ့ ရဲများ၏ အဓိကရုဏ်းပုံရိပ်များကို မြင်တွေ့ခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် lockdown ချထားမှုကို မတ်လ ၂၅ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၅၀,၀၀၀ နီးပါးရှိပြီး ၁,၆၉၄ သေဆုံးခဲ့ပြီးဖြစ်သည်။

ရဲဝန်ထမ်းများအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာပြီး လက်ရှိတွင် ၁၅,၅၂၅ မှု သတင်းရရှိထားကြောင်း မဟာရက်စ်ထရာပြည်နယ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

“ပြည်နယ်ရဲတွေထဲက ၄၅၀ ကျော်က ကိုရိုနာဗိုင်းရပ်စ် positive ပြခဲ့ပြီး ၄ ဦးမှာ ဗိုင်းရပ်စ်ကြောင့် သေခဲ့ရပါတယ်” ဟု ရဲအရာရှိက ပြောကြားခဲ့သည်။

ထောင်နဲ့ချီတဲ့ ရဲဝန်ထမ်းတွေနဲ့ ဆက်စပ်နေတဲ့ သူတို့ရဲ့မိသားစုတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကြည့်ရင် positive ဖြစ်နိုင်တဲ့ အလာအလာတွေရှိတာကြောင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဗဟိုပြည်ထဲရေးဝန်ကြီးဌါနမှ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌါနအား ပြောကြားသည်။


07 May 2020     1,661 Views




RELATED

Most Popular of International News

Most Popular of NEWS