BEC-TERO TV

Covid-19 ကြောင့် စိုက်ခင်းထဲမှာ တောဆင်ရိုင်းများ အရက်မူးပြီး အိပ်ပျော်

07 May 2020     1,680 Views


ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် နိုင်ငံအတော်များများ Lockdown ချထားခံရပြီး လူတွေလည်း အိမ်ထဲကနေ အိမ်ပြင် မထွက်ကြရတဲ့ ကာလမှာ တောရိုင်းတိရိစ္ဆာန်တွေ မြို့ထဲကို ရောက်လာကြတဲ့ အဖြစ်တွေ ရှိလာခဲ့ပါတယ်။ ရန်ကုန်မြို့မှာလည်း ဝက်ဝံတစ်ကောင် ရပ်ကွက်ထဲဝင်လာလို့ သက်ဆိုင်ရာက ဖမ်းဆီးပြီး တိရိစ္ဆာန်ရုံပို့လိုက်ကြရတာကို ကြားလိုက်ကြမယ်ထင်ပါတယ်။

မြို့ပေါ်တွေမှာတောင် အခုလိုအခြေနေမျိုးကြုံတွေ့ရတာကြောင့် တောတောင် သဘာဝနဲ့နီးတဲ့ တောဘက်တွေမှာဆိုရင် ပိုလို့တောင် ဖြစ်တတ်ပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ lockdown ကာလအတွင်း တောင်ယာစိုက်လယ်သမားတွေက အိမ်ပြင်မထွက်ရတာကြောင့် သူတို့ရဲ့ စိုက်ခင်းယာခင်းတွေကို သွားမကြည့်နိုင်တော့တဲ့အချိန်မှာ တောဆင်ရိုင်းတစ်စု ဝင်လာပြီး သီးနှံတွေကို စိုက်ခင်းထဲမှာ စိတ်ကြိုက်ဝင်စားခဲ့ပါတယ်။

ဒါ့အပြင် တောင်သူတွေက ပြောင်းဖူးကနေ ကစော်ဖောက် အရက်ချက်ထားတဲ့ အရက်ပြင်းတွေကို လယ်စောင့်တဲတွေထဲမှာ တွေ့ပြီး စားသောက်မိရာက တောဆင်ရိုင်းတွေ အရက်မူးပြီးလဲကျနေတာကိုတွေ့ရပါတယ်။

ပုံတွေကတော့ အင်အားကြီးတဲ့ တောဆင်ရိုင်းကြီးတွေ အရက်သေစာနဲ့တွေ့ပြီး လောကကြီးနဲ့ ခတ္တအဆက်ပြတ်သွားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Covid-19 ကြောင့် တောဆင်ရိုင်းကြီးတွေ အရက်သောက်ဖူးသွားတာပေါ့လေ..။


07 May 2020     1,680 Views




RELATED

Most Popular of Special or Others

Most Popular of NEWS