BEC-TERO TV

သွက်ချာပါဒလိုက်နေတဲ့ မိခင်အိုကို အရှင်လတ်လတ် မြေမြှုတ်ခဲ့တဲ့သားမိုက်

07 May 2020     2,262 Views


အသက် ၇၉ နှစ်အရွယ် သွက်ချာပါဒလိုက်နေတဲ့ မိခင်အိုကြီးရဲ့ ဒုက္ခကို မခံနိုင်တော့တဲ့အဆုံးမှာ သားမိုက်ဖြစ်သူက တောထဲကိုခေါ်သွားပြီး သင်္ချိုင်းမြေကျင်းအဟောင်း တစ်ခုထဲမှာ မြေမြုတ်စွန့်ပစ်ခဲ့မှု တရုတ်နိုင်ငံ ရှန်းကျီစီရင်စုတွင် မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်။

“မာ” ဟု အမည်ရတဲ့ အမျိုးသားဟာ အဆိုပါနေ့ ည ၈ နာရီအချိန်ခန့်က အိပ်ယာထဲတွင် လဲနေသော သွက်ချာပါဒ အကြောသေရောဂါသည် မိခင်ကို တွန်းလှည်းပေါ်တင်ပြီး အိမ်ကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။

မနက် ၂ နာရီအချိန်လောက်မှာ တစ်ယောက်ထဲ အိမ်ကိုပြန်လာခဲ့ပါတယ်။ မိသားစုက မိခင်ကြီး ဘယ်မှာလဲဟု မေးတဲ့အခါ အမျိုးတွေနဲ့ တွေ့ရအောင် ကွင်ရမ်းမြို့ကို သွားတဲ့ ဘတ်စ်ကားပေါ်တင်ပေးလိုက်တယ်လို့ ပြန်ပြောခဲ့ပါတယ်။

အိမ်သားတွေက သူ့ပြောစကားကို သံသယဝင်ပြီးနောက် နံနက် ၄ နာရီလောက်မှာ ဘတ်စ်ကားဂိတ်ကို လိုက်သွားကြပြီး စုံစမ်းခဲ့ကြပါတယ်။ ထိုအချိန်မှာ ‘မား’ က သူတို့ဆီကနေ ရှောင်တိမ်း ပျောက်ကွယ်သွားခဲ့ပါတယ်။

အင်္ဂါနေ့ နံနက်ပိုင်းမှာ ရဲတွေက ‘မား’ ကိုရှာတွေ့သွားခဲ့ပြီး စစ်ဆေးမေးမြန်ရာမှ မိခင်ကြီးကို တောထဲမှာ မြေမြုတ်စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက လမ်းပြခိုင်းပြီး ချက်ခြင်းသွားရောက် ရှာဖွေရာ မြေကျင်းကြီးထဲမှာ လဲလျောင်းနေတဲ့ အဖွားအိုကို တွေ့ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဖွားအိုမှာ အသက်ရှင်နေတာကို ရုပ်သံမှာ တွေ့ရပါတယ်။


07 May 2020     2,262 Views




RELATED

Most Popular of Special or Others

Most Popular of NEWS